Friday, July 19, 2013

အဝေးရောက်ချစ်သူ


အခုငါနင့်အနားမှာ မနေပေးနိုင်
သေးပေမဲ့...တစ်နေ့နေ့ကြရင်
ငါနင့်အနားမှာအမြဲရှိနေမယ်ဆို
တာ ယုံကြည်နေပေးပါ ချစ်သူ...

သူများချစ်သူတွေလိုအတူတူမရှိသေးပေမဲ့ ငါ့ရဲ့အချစ်တွေအား
လုံးက လေလှိုင်းကနေတစ်ဆင့်
ချစ်သူဆီမှာဆိုတာ ချစ်သူသိပါ
စေ...

တကယ်တော့အချစ်တစ်ခုဆို
တာဟာ နီးခြင်းဝေးခြင်းဆိုတာ
တွေနဲ့မဆိုင်ပါဘူး...ရင်ထဲမှာ
တစ်ယောက်သောသူရှိနေတယ်
ဆိုယုံနဲ့ပြည့်စုံနေတဲ့ခံစားမှုမျိုးပါ

အနေနီးမှအချစ်စစ်ဆိုတာထက်
အနေဝေးနေရင်တောင်တစ်
ယောက်နဲ့တစ်ယောက်နားလည်
မှု ယုံကြည်မှုတွေနဲ့ချစ်နေကြ
ရင် ပြန်ဆုံကြတဲ့တစ်နေ့ဟာအ
နေနီးတဲ့အချစ်ထက်အများကြီး
သာမှာပါ ချစ်သူ...

အဝေးရောက်ချစ်သူတိုင်းအဆင်
ပြေကြပါစေ...
Nan

Wednesday, July 10, 2013

ငါတိုနှစ်ယောက်ကြား

ငါစိတ်ကူးထဲက အလိုကျနင့်သဘောမပါပဲ...နေထိုင်ပေးခဲ့တာ အချို့အတွက်တကယ်ကို ငါတို့နှစ်ယောက်ကြား
နီးကပ်နေရက်နဲ့ ဝေးကွာသွားရတာ..........အတူထိုင်နေရက်နဲ့
တစ်ယောက်ကို တစ်ယောက် ချစ်နေရက်နဲ့ငါကလည်း ငို နင်ကလည်း မျက်ရည်ကျနဲ့
ဘာကြောင့်များ...တစ်ယောက်ကိုတစ်ယောက်...နာကျင်သွားစေးမဲ့ စကားတွေကို
ပြောနေကြရတာလဲနင်စိတ်ချမ်းသာဖို့အတွက်သဘောထားကြီးဖို့နဲ့
စိတ်ကောင်းမွေးနိုင်ဖို့ကို ကြိုးစားနေမိတယ်နင်နဲ့ပတ်သက်ရင်ပေါ့....Nan

Monday, July 8, 2013

ဆုံးရှူးမှု့ များတဲအချိန်တိုင်းမှာ

ဆုံးရှုံးမူ့များတဲ့  အချစ်တိုင်းမှာ
ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့ 
ကိုယ်ကိုတိုင် ပိုပို သာသာ ချစ်ခဲ့ မိလို့ ပါ

ဖြတ်တောက်ခွင့် မပေးတဲ့  သံယောဇဉ်ကြိုးတွေတိုင်းမှာ
ဘယ်သူ့အပေါ်မှ ဒေါသ မထွက်ပါနဲ့ 
ကိုယ်ကိုတိုင် ပိုပို သာသာ ချည်နှောင်မိခဲ့ လို့ ပါ...........

တမ်းတခွင့် မရှိတဲ့  အခြေအနေမျိုးမှာ
ဘယ်သူ့ကိုမှ စိတ်မကွက်ပါနဲ့ 
ကိုယ်ကိုတိုင် ပိုပိုသာသာ မျှော်လင့်နေမိခဲ့လို့ ပါ.......

မျက်နှာခြင်းဆိုင်ခွင့်မရှိတော့ တဲ့  အချိန်ကာလမှာ
ဘယ်ကံတရားအပေါ် မှ မညိုငြင်ပါနဲ့ 
ကိုယ်ကိုတိုင် ပိုပိုသာသာ ပေးဆပ်မိခဲ့ လို့ ပါ......

အနာကျင်ရဆုံးခံစားချက်ဆိုတာ.....
တကယ့်အချစ်ကိုရင်းပြီးမှ ရတဲ့  ခံစားချက်မျိုးမဟုတ်လား

ကိုယ်ကိုတိုင် အငိုလွယ်နေသရွေ့တော့ .....
ပိုပို သာသာ လွမ်းနေ
ခံစားနေရဦးမှာလေ.......Nan


အချိန်တိုင်လွမ်းခွင့်ရှိတယ်

ဆန္ဒရှိသမျှ
လူတစ်ယောက်ကို
အချိန်တိုင်း လွမ်းခွင့်ရှိတယ်..........

မျှော်လင့်နိုင်သေးသမျှ
လူတစ်ယောက်ကို
နေ့တိုင်း စောင့် မျှော် ခွင့်ရှိတယ်.........

မမေ့နိုင်သေးသမျှ
လူတစ်ယောက်ကို
နေရာတိုင်း တမ်းတခွင့်ရှိတယ်......

ပြီးတော့ ......
မမုန်းနိုင်သေးသရွေ့
လူတစ်ယောက်ကို
တသက်လုံး ချစ်ခွင့်ရှိတယ်.............Nan

Sunday, July 7, 2013

နင့် ကိုငါချစ်တယ်


♥♥ ငါ့ဘ၀ထဲ နင်မရှိရင် မဖြစ်လို့
နင့်ကို ငါချစ်တယ်

♥♥ နင့်အပြုမှုတိုင်းက ငါ့ကိုစွဲလမ်းစေလို့
နင့်ကို ငါလွမ်းတယ်

♥♥ ဘယ်သူမှ နင့်လောက် ငါ့အပေါ်မှာ နားလည်မပေးနိုင်လို့
နင့်ကို ငါသဘောကျတယ်

♥♥ နင်နဲ့ အတူရှိတိုင်း ငါ့ကို လုံခြုံမှု ရှိစေလို့
နင့်ကို ငါအမြဲ အတူနေချင်တယ်

♥♥ နင်က ငါ့ရဲ့ ကမ္ဘာတစ်ခုဖြစ်လို့
နင့်ကို ငါမရှိမဖြစ်လိုအပ်တယ်

Saturday, July 6, 2013

ချစ်ခြင်း၏ဒဏ်ရာN

ချစ်နေလျက် ကွဲလွဲမှုတစ်ခုမှစလို့ များလာရင်
အမုန်းမဟုတ်ရင်တောင် လမ်းခွဲရောက်လာနိုင်လို့
ချစ်တတ်ခဲ့ရင် စွန့်လွတ်တတ်အောင်လည်း ပြင်ဆင်သင့်တယ် ။


ယုံကြည်နေလျက် လွဲမှားမှုတစ်ခုမှစလို့ များလာရင်
သည်းခံမှုလျော့လျက် နာကျင်ခြင်းတွေ ရောက်လာနိုင်လို့
အပြည့်အ၀ယုံကြည့်ပြီးရင် တုန့်ပြန်တတ်အောင် သင်ယူသင့်တယ် ။


ချစ်ခြင်း၏ ဒဏ်ရာက အပြင်မှာမသိသာပေမယ့်
ရင်ဘက်နဲ့ နှလုံးသားတွေအတွက်တော့ ချစ်သူကို
နုတ်ဆက်ချိန်တွေဟာ သိပ်ကိုပင်ပန်းနိုင်လို့
ချစ်ခြင်း၏ ပျော်ရွင်ခြင်းကို နှစ်မျော်နိုင်သလို
ချစ်ခြင်း၏ မျက်ရည်ကိုလည်း ကိုယ်တိုင် တိတ်စေတဲ့
ကြံခိုင်မှုတစ်ခု ရှိဖို့တော့ အရမ်းကို လိုအပ်ပါတယ် ။

Nan