တစ်ယောက်တည်းကိုစိတ်နှစ်ထားတတ်တဲ့
လူတစ်ယောက်ဟာ သူနဲ့စိတ်ဆိုးကြတဲ့အချိန်ဆို
တစ်ယောက်တည်းအထီးကျန်နေသလိုခံစားနေရ
တတ်တယ်...
ပြသနာတစ်ခုဖြစ်ကြတိုင်း စိတ်ထဲကနေပြီးတော့
ဟိုတွေးဒီတွေးတွေနဲ့ကိုယ့်ကိုကိုယ် နာကျင်ခံနေတတ်
ကြတယ်...
တစ်ယောက်တည်းကိုပဲစိတ်ထဲမှာထည့်ထားတဲ့အတွက်
သူနဲ့ပတ်သက်တဲ့အရာတွေကိုအသေးမွှားကစ ခံစား
နေတတ်ကြတယ်...
ရန်ဖြစ်ကြပြီးတိုင်း ငါတန်ဖိုးထားသလိုနင်တန်ဖိုးမထားဘူး
ငါချစ်သလိုနင်မချစ်ဘူးဆိုတဲ့အတွေးလေးတွေတွေးနေတတ်
ကြပါတယ်...
ကိုယ်တန်ဖိုးထားသလောက် တူညီတဲ့တုံ့ပြန်မှုတွေကို
ပြန်ရချင်တတ်ကြတယ်...
(ကိုယ့်ချစ်သူနဲ့ပတ်သက်လာရင်လောဘကြီးတတ်တဲ့
သူမျိုးတွေပေါ့...)
အဲဒီလိုဖြစ်တတ်တဲ့စိတ်တွေက လူတစ်ယောက်ကို
စိတ်ထဲကနေပြီနှစ်နှစ်ကာကာချစ်မိသွားကြလို့ဖြစ်ပေါ်
လာတဲ့ ခံစားမှုမျိုးပါ...Nan
0 comments:
Post a Comment