Tuesday, May 27, 2014

အချစ်ကိုယ်ပိုင်ဆိုင်ရဖို့ 

ငါ့အသက် 20 မှာ မင်းရဲ့အချစ်ကိုပိုင်ဆိုင်ရဖို့
မျှော်လင့်မိတယ်...

ငါ့အသက် 30 မှာ မင်းကိုထာဝရတစ်ဘဝလုံး
ပိုင်ဆိုင်ရဖို့အတွက် မျှော်လင့်မိတယ်...

ငါ့အသက် 35 မှာ မင်းနဲ့အတူအောင်မြင်မှုတွေကို
ပိုင်ဆိုင်ရဖို့အတွက် မျှော်လင့်မိတယ်...

ငါ့အသက် 40 မှာ မင်းနဲ့အတူပျော်ရွှင်တဲ့မိသားစုလေး
တစ်ခုပိုင်ဆိုင်ရဖို့အတွက် မျှော်လင့်မိတယ်...

ငါ့အသက် 60 မှာ မင်းနဲ့အတူနံနက်ခင်းလေးမှာ
ကောင်ကင်ကိုမော့ကြည့်ပြီး ကော်ဖီအတူတူသောက
ရဖို့မျှော်လင့်မိတယ်...

ငါ့အသက် 70 ကျော်လောက်မှာ နင်ငါ့အနားကနေ
ထွက်ခွါမသွားဖို့မျှော်လင့်နေမိတယ် ချစ်သူ...


Tuesday, May 20, 2014

ငါ့နှလုံးသား

နင်နဲ့လမ်းခွဲခဲ့တဲ့နေ့ကို ငါမမှတ်မိဘူး
နင် နဲ့ စတွေ့ခဲ့တဲ့ နေ့လေးပဲ ငါမှတ်မိတယ်

နင်တစ်စုံတယောက်ကြောင့်အသဲကွဲခဲ့တာတွေ ငါမမှတ်မိဘူး
နင့်ရင်ထဲ ငါရောက်လာပြီ လို့နင်ပြောခဲ့တာတွေပဲ ငါမှတ်မိတယ်

နင်ငါ့ကိုအဆက်အသွယ်မလုပ်တဲ့နေ့တွေ ငါမမှတ်မိဘူး
နင်ဖုန်းတွေတဂျီဂျီ ခေါ်တတ်တဲ့ နေ့တွေကို ပဲ ငါမှတ်မိတယ်

နင်ငါ့ကိုစိတ်ဆိုးနေခဲ့တဲ့နေ့တွေကို ငါမမှတ်မိဘူး
နင်ငါ့ကို ဂရုစိုက်ကြင်နာခဲ့တဲ့ရက်စွဲတွေပဲ ငါမှတ်မိတယ်

နင်ငါ့ကို မေ့သွားတဲ့အချိန်တွေကို ငါမမှတ်မိဘူး
နင် သတိရလိုက်တာ လို့ပြောခဲ့တဲ့နေ့တွေပဲ ငါမှတ်မိတယ်

နင်ငါ့ကိုစိမ်းကားလာတာတွေ ငါမမှတ်မိဘူး
ငါမရှိရင်မဖြစ်ဘူး လို့ နင်ပြောခဲ့ဖူးတာတွေပဲ ငါမှတ်မိတယ်

နင်မေ့လိုက်တော့လို့ပြောခဲ့တဲ့နေ့ကို ငါမမှတ်မိဘူး
နင် ချစ်တယ်လို့ပြောတဲ့ နေ့လေးပဲ ငါမှတ်မိတယ်

င့ါနှလုံးသား က နင်နဲ့ ချစ်ခဲ့တဲ့အကြောင်းအရာတွေကိုပဲမှတ်မိတယ်

ရက်စက်ခဲ့တဲ့နင့်အကြောင်းတွေ မမှတ်မိနိုင်လောက်အောင်ကို...

ငါ့နှလုံးသားအပြည့် နင့်ကိုချစ်နေခဲ့တယ် ထင်ပါတယ်လေ.....ချစ်သူ……Nan


ယုယမှု

တကယ်ချစ်တတ်တဲ့ ယောကျာင်္းလေးဆိုတာ...

သင်လိုချင်တယ်ဆိုတဲ့အရာတစ်ခုကိုဖြည့်ဆည်းပေး
နိုင်အောင်အတွက် အမြဲတမ်းကြိုးစားနေတတ်တဲ့
သူမျိုးပါ...

သင့်ကိုမကောင်းပြောတတ်တဲ့လူတွေ သင့်ကို
နှောက်ယှက်တဲ့လူတွေကိုသင့်ဖက်ကနေပြီး ကာကွယ်
ပေးနေတတ်တဲ့ ဖိုက်တာလေးပါ...

အမြဲတမ်းသင့်အရှေ့မှာမားမားမတ်မတ်ရပ်တည်
ပေးချင်နေတတ်တဲ့ လူစွမ်းကောင်းလေးတစ်ယောက်
ပါ...

အလုပ်လေးတွေရှုပ်နေတာတောင် သင်မျှော်နေမှာစိုး
လို့ Messages လေးတွေပို့နေတတ်တဲ့သူမျိုးပါ...

လူတွေအရှေ့ရင်းနှီးတဲ့သူငယ်ချင်းတွေအရှေ့မှာသင့်ကို
အမွှန်းတင်ပြီးကြွားနေတတ်တဲ့ ခပ်ပေါပေါကောင်လေး
တစ်ယောက်ပါ...

တစ်စိမ်းယောကျာင်္းလေးတွေနဲ့ရင်းရင်းနှီးနှီးဆက်ဆံနေ
တာကိုတောင်သဝန်တိုနေတတ်တဲ့ ကောင်လေး
တစ်ယောက်ပါ...

သင့်ရဲ့ယုယကြင်နာမှု ဂရုစိုက်မှုလေးတွေကိုအမြဲတမ်း
လိုချင်နေတတ်တဲ့ ကောင်လေးတစ်ယောက်ပေါ့မ...

သင့်ကိုတစ်ဘဝလုံးပိုင်ဆိုင်ရဖို့အတွက် ကြိုးစားနေတတ်
တဲ့ ကောင်လေးတစ်ယောက်ပဲပေါ့...
…Nan
---------


ပေးဆပ်သမျှ

ကိုယ်ဘယ်လောက်ချစ်ချစ် 
သူ့ဖက်က တကယ် မချစ်ရင်
ပေးဆပ်သမျှ အလကားပဲ••••• 

ကိုယ်ဘယ်လောက် မြတ်နိုးနိုး
သူ့ဖက်က တန်ဖိုးမထားရင်
ကြင်နာသမျှက အလကားပဲ••••• 

ကိုယ်ဘယ်လောက် မခွဲနိုင်ဘူးဆိုဆို
သူ့ဖက်က နေခဲ့တော့လို့ပြောရင်
လွမ်းခဲ့သမျှက အလကားပဲ••••• 

ဘာပဲပြောပြော 
အချစ်ကြီးသူက ရှုံးတာပါဆိုတဲ့အတွေးရယ် 
အချိန်တန်နေခဲ့ရမယ်ဆိုတဲ့ အသိရယ်
ပြီးတော့ မစွန့်လွှတ်နိုင်တဲ့ စိတ်ကလေးရယ် 
မုန်းတယ်လို့ပြောမထွက်နိုင်တဲ့ နှုတ်ခမ်းရယ် 
နင်မှ နင်ဖြစ်နေတဲ့ ငါကိုယ်ငါရယ် 
အရာရာတိုင်းကို မုန်းတယ်ဟာ•••••…Nan



Friday, May 9, 2014

ဖြေသိမ့်လိုက်

အထီးကျန်ချိန်

တစ်ယောက်တည်းကိုစိတ်နှစ်ထားတတ်တဲ့
လူတစ်ယောက်ဟာ သူနဲ့စိတ်ဆိုးကြတဲ့အချိန်ဆို
တစ်ယောက်တည်းအထီးကျန်နေသလိုခံစားနေရ
တတ်တယ်...

ပြသနာတစ်ခုဖြစ်ကြတိုင်း စိတ်ထဲကနေပြီးတော့
ဟိုတွေးဒီတွေးတွေနဲ့ကိုယ့်ကိုကိုယ် နာကျင်ခံနေတတ်
ကြတယ်...

တစ်ယောက်တည်းကိုပဲစိတ်ထဲမှာထည့်ထားတဲ့အတွက်
သူနဲ့ပတ်သက်တဲ့အရာတွေကိုအသေးမွှားကစ ခံစား
နေတတ်ကြတယ်...

ရန်ဖြစ်ကြပြီးတိုင်း ငါတန်ဖိုးထားသလိုနင်တန်ဖိုးမထားဘူး
ငါချစ်သလိုနင်မချစ်ဘူးဆိုတဲ့အတွေးလေးတွေတွေးနေတတ်
ကြပါတယ်...

ကိုယ်တန်ဖိုးထားသလောက် တူညီတဲ့တုံ့ပြန်မှုတွေကို
ပြန်ရချင်တတ်ကြတယ်...
(ကိုယ့်ချစ်သူနဲ့ပတ်သက်လာရင်လောဘကြီးတတ်တဲ့
သူမျိုးတွေပေါ့...)

အဲဒီလိုဖြစ်တတ်တဲ့စိတ်တွေက လူတစ်ယောက်ကို
စိတ်ထဲကနေပြီနှစ်နှစ်ကာကာချစ်မိသွားကြလို့ဖြစ်ပေါ်
လာတဲ့ ခံစားမှုမျိုးပါ...Nan


Wednesday, May 7, 2014

မျှော်လင့်ချက်

  တခါလောက်တော့နာလည်ပေးပါလာ

ငါရင်ထဲမှာနင်အတွက်အမြဲ
နေရာပေးထား
တယ် နင်ရင်ထဲမှာဘာလို့ ငါနေရာမရှီရတာလဲဒါကငါအတွက်ရလဒ်လာ 
ဒါပြင်မဲ့ ငါကတော့နင်အတွက်ထဝရနေရာလေးပေးထာပါတယ်
  နင်ငါနဲ့ ပတ်သက်လာရင်တခါမှအလေးနက်မထားဖူးဘူနော်ဒါပြင်ငါကနင်နဲ့ ပတ်သက်လာရင်လေးငါမှုတွေဂရုစိုက်မှုတွေအမြဲထားခဲပါတယ်အဲဒါငါနင်ကိုယ်သိတ်ချစ်ခဲ့ လို့ ပဲ
ငါလေနင့်စီကမျှော်လင့်ချက်တခုတော့ရှိတယ်အဲဒါနင်ရဲဂရုစိုက်မှုနဲ့အလေးထားမှုပါပဲချစ်သူအဲ့အတွက်ငါတရာပါတယ်နော်
  နင်စီကပြန်လာမယ်ဂရုစိုက်မှု တွေအလေးငါထားမှုတွေပါပဲချစ်သူ
  ထာဝရပေါ့……Nan