ဘယ်လိုအဆုံးသတ်မလဲ နေ့စွဲတချို့ ကို ရင် တဒိတ်ဒိတ်နဲ့
ခွဲခွါခြင်းဆိုတဲ့စကားလုံးက ငါ့ မကြားချင်းဆုံး စကားတခွန်း
နာကျင်စွာနှလုံးသားက ပေါက်ဖွားလာတဲ့ ခံစားချက်အပိုင်းအစတွေကို
နင်ရဲ့ ဥပေက္ခါ အရိပ်တွေကြား ငါ ရင်ဘက်ရေးခြစ်လိုက်ပါတယ်
သံစဉ်မဲ့ ကဗျာ တပုဒ် ပေါ့
ငါ့ အချစ်တွေ အလျော်ပြန်ပေးလို့တောင်းလို့ရတာ မဟုတ်တော့
ရင်ခုန်စရာအစက လွမ်းမောစရာတွေမှန်း ငါသိခဲ့ရင်
မွေးဖွားမိတဲ့ ရင်ခုန်သံတွေကို ရိုက်ချိုးပစ်ခဲ့ပါတယ်
အခုတော့ ချစ်သူရယ် ငါ့ရင်ထဲ ညှင်သာစွာနဲ့ ညည်းငြူနေမိပြန်တယ်
(ငါ့ ဘဝထဲက မထွက်သွားပါနဲ့ ဟာ)့ 
……Nan
0 comments:
Post a Comment