Friday, September 20, 2013

စကားလုံးနဲပြောလို့ နင်နာလည်မှာပါ

ငါ တစ်ယောက်တည်း 
အထီးကျန်နေချိန်မှာ....
နင့်ကို ဘေးနားရှိနေစေချင်မိတယ်.....
ပြီးတော့ 
နင့်မျက်နှာလေးကို တ၀ကြီးကြည့်နေချင်မိတယ်......
တကယ်တော့ 
နင် သတိမထားမိလို့ ပါ.....
တခါတလေ ကိုယ်ရှင်သန်ဖြစ်တဲ့ အနာဂတ်က
ကိုယ်ချစ်မြတ်နိုးရတဲ့သူဆီမှာ ဆိုတာကိုပေါ့.......

ငါ တစ်ယောက်တည်း
နေမကောင်းဖြစ်နေချိန်မှာ
နင့် ကို ငါ အရမ်းတမ်းတနေမိတယ်......
ပြီးတော့  
နင့် ရင်ခွင်လေးမှာ အချိန်အကြာကြီး မှေးစက်ချင်မိတယ်.....
တကယ်တော့
နင် သတိမပြုမိလို့ ပါ.....
တခါတလေ ကိုယ်အားကိုးယုံကြည်မိတယ်ဆိုတဲ့ မျှော်လင့်ချက်က
ကိုယ်ချစ်မြတ်နိုးရတဲ့ သူဆီမှာ ဆိုတာကိုပေါ့......

တခါတလေ
စကားလုံးနဲ့ ပြောလို့  
ကြားလူတွေ နားမလည်နိုင်တဲ့အပြုအမူတွေ.....
ရင်ခြင်းထက်လို့  
ကြားလေပြည်တွေ မတိုးနိုင်တဲ့ ယုယခြင်းတွေ....

နင်ဂရုမစိုက်လို့ ပါ
အရာအားလုံးက ကိုယ်ချစ်မြတ်နိုးတဲ့သူဆီကနေ 
ပေါက်ဖွားလာတဲ့ခံစားမူတွေပဲ ဆိုတာကိုပေါ့ ချစ်သူရယ်........Nan



0 comments:

Post a Comment