Wednesday, May 1, 2013

အမှတ်မရှိသတိရခြင်း

တိုက်ဆိုင်လို့ တော့ မဟုတ်ပါဘူး
နင်နဲ့ ပတ်သတ်ရင်
ငါကိုက အမှတ်မရှိပဲ သတိရခြင်းတွေကို ထုတ်ကြည့် မိတက်တာပါ.............

နေနိုင်လို့ တော့ မဟုတ်ပါဘူး
နင်မခေါ်ခဲ့ တဲ့ နေ့ရက်တွေမှာ
ငါကိုက အထီးကျန်ဖို့ အတွက် ကျင့် သားရနေသလိုဖြစ်နေတက်တာပါ



တသက်လုံးအတွက်မဟုတ်ရင်
ဂရုမစိုက်ပါနဲ့ 
ကြင်နာချင်ဟန်လည်းမဆောင်ပါနဲ့ 
နွေးထွေးမူ့တွေလည်းမပေးပါနဲ့ 
ရနေကျ ဂရုစိုက်မူ့တွေ မရနိုင်တော့ ရင်
တွေ့နေကျအချိန်လေးမှာ ငါတို့  မတွေ့ဖြစ်ကျတော့ ရင်......

ဖြေချင်လို့ တော့ မဟုတ်ပါဘူး
နင်မေးတဲ့ မေးခွန်းတွေ တိုင်းမှာ
ငါကိုယ်က အဆင်ပြေပါတယ်လို့  လိုလိုလားလား ဖြေချင်နေမိတက်သူပါ............

0 comments:

Post a Comment