Wednesday, June 26, 2013

မခွဲဘူးနော်ဆိုတဲ့ ကတိစကားနဲ့ 

နင်ရှိနေတယ်ဆိုတဲ့  အသိစိတ်နဲ့ 
မနက်ဖြန်ကို ငါ မျှော်လင့်တာပါ..........


တမိုးအောက်မှာပဲဆိုတဲ့  စိတ်ကူးနဲ့ 
အနာဂတ်ကို ငါရည်ရွယ်ခဲ့ တာပါ...........

မခွဲဘူးနော်ဆိုတဲ့  ကတိစကားနဲ့ 
အရာအားလုံးကို ငါလစ်လျူရှု့ထားခဲ့ တာပါ.......

ငါတို့ ဘယ်လောက် ရန်ဖြစ်ဖြစ်
ငါတို့  ဘယ်ချိန်ထိ စကားမပြောပဲနေနေ
ငါတို့ တကယ်မှ
တစ်ယောက် ကိုတစ်ယောက်လက်မလွှတ်နိုင်ကျတာလေ

တခါတလေ
နင့် အပေါ်မှာ ငါမှားလည်း နင်ခွင့်လွှတ်ပေးရမယ်
ငါ့အပေါ်မှာ နင်မှားလည်း ငါ နားလည်ပေးမယ်လေ

တစ်ကယ်တော့ 
စိတ်ကူးရယ် လက်တွေ့ရယ်....
ထပ်တူကျဖို့ ဆိုရင်
ချစ်သူရေ
ဘယ်ချိန်ဘယ်နေရာရောက်ရောက် ငါတို့  သစ္စာရှိရှိနဲ့နေဖို့ လိုမယ်မဟုတ်လား....Nan





Tuesday, June 25, 2013

ဘာလို့ ငါ့ ဘဝထဲဝင်ခဲ့ သေးလဲနော်

ချစ်သူ…
အစထဲက နင်သူကိုပဲချစ်ခဲ့တာဆို
ဘာလို့ ငါ့ဘ၀ထဲဝင်ခဲ့သေးလဲနော်။
သူနဲ့ပြတ်ပြီး ငါနဲ့တွဲတာ
သစ္စာမဲ့တာမဟုတ်ပေမယ့်
ငါနဲ့ချစ်သူဖြစ်နေတုန်း
နင်တို့ပြန်ဆက်သွယ်တာတော့
နင်သိပ်သစ္စာမဲ့တာပေါ့။
နင်ရဲ့ကတိမတည်မှုကိုရှောင်လွှဲချက်တင်တာက
တာဝန်ယူတဲ့စိတ်ဓါတ်ပါတဲ့လား
မရဘူး ချစ်သူ
နင်ကတိမတည်တာက မတည်တာပါ။
သူ့နေရာကိုကြည့်ပါအုံးဆိုရအောင်
ငါကလည်း ငါ့နေရာမှာလေ
နင်တို့နှစ်ယောက်
သာယာစီးမြောပြီး လွတ်လပ်ခွင့်ကိုအသုံးချ
အမှားအယွင်းပြုမိခဲ့တာကို
ဘာမှ သက်ဆိုင်ခြင်းမရှိတဲ့
ငါ့နှလုံးသားနဲ့ပေးဆပ်လိုက်ရတယ်နော်။
နင်ပြောတဲ့ စိတ်နာလိုက်ပါဆိုတဲ့စကားလုံးထက်
ငါနင့်ကို ပိုစိတ်နာမိတာကို နင်မသိနိုင်ပါဘူး။
အရင်က နင်ဘာလုပ်လုပ်
နားလည်ပေးထားတဲ့ငါ့နှလုံးသားက
သူ့ဘက်ပဲတယူသန်ဆန်စွာကြည့်တဲ့
နင့်စိတ်ဓါတ်ကို အမုန်းကြီးမုန်းသွားပြီ။
နင့်တို့နှစ်ယောက် ဘ၀လေး
သာယာပါစေဟာ။ ။Nan

Monday, June 24, 2013

မိန်းကလေမှန်ရင်..သဝန်တိုတက်တယ်


ဆုံးရှုံးမှာ စိုးတော့ လည်း
သ၀န်တိုမိတာပေါ့............
ဒါက နင့်အတွက် ချုပ်ခြယ်သလို ဖြစ်နေရင်တော့ 
ငါတောင်းပန်ပါတယ်နော်.....
တကယ်တော့ 
ငါနင်နဲ့  မခွဲနိုင်လို့ ပါ...............

ပိုင်ဆိုင်ချင်မိတော့ လည်း
အတ္တကြီး မိတာပေါ့............
ဒါက နင့်အတွက် အနေကျုံ့သလို ဖြစ်နေရင်တော့ ငါ ဆင်ခြင်ပါ့ မယ်နော်...
တကယ်တော့ 
ငါ နင့်ကို တခြားသူလက်ထဲအရောက်မခံနိုင်လို့ ပါ................

စိတ်မချမိတော့ လည်း
နေရာတကာ ၀င်ပါမိပြန်တာပေါ့.......
ဒါက နင့်ကို အရှက်ရစေသလို ဖြစ်နေရင်တော့  ငါ ရှောင်ကြဉ်ပါ့ မယ်နော်........
တကယ်တော့ 
ငါ နင့်ကို အရမ်းချစ်မိနေလို့ ပါ..............


စိတ်ဆိုးခြင်းရဲ့နောက်ကွယ်မှာ
အချော့ခံချင်လို့ ဆိုတာ နင်သတိထားမိမယ်ဆိုရင်တော့ 
ငါအပြုအမူတွေအတွက် နားလည်ပေးနိုင်မယ်ထင်ပါတယ်ချစ်သူရယ်....................


တကယ်တော့ 
ကမ္ဘာပေါ်မှာရှိတဲ့ 
မိန်းကလေးမှန်ရင် သ၀န်တိုတက်တယ်...
စိတ်ကောက်တက်တယ်.....
စိတ်မချဖြစ်တက်ကြတယ်လေ.....
....................Nan


ဒုတိယအရှုံးတစ်ခု


အချစ်ဝင်ရောက်လာချိန်မှာ သူထက် ကိုယ်ကပိုချစ်လို့
အလွမ်း နှိမ့်ဆက်မှု ဒဏ်ကို လူးလိမ့်ပီးခံရချိန်
ချစ်တတ်တဲ့သူတွေအတွက်
ပထမဆုံး အရှုံးတစ်ခု


လမ်းခွဲနုတ်ဆက်ချိန်မှာ သူထက် ကိုယ်ကပိုတန်ဖိုးထားလို့
ယုံကြည်ချက် ရိုက်ချိုးမှု ဒဏ်ကို ခါးဆီးပီးခံရချိန်
ချစ်တတ်တဲ့သူတွေအတွက်
ဒုတိယ အရှုံးတစ်ခု


အချိန်တွေ ကြာမြင့်လာပေမယ့် သူထက် ကိုယ်က အစွဲအလမ်းကြီးလို့
အစားမထိုးနိုင်မှု ဒဏ်ကို သေရာပါ အနာလိုဖြစ်နေချိန်
ချစ်တတ်တဲ့သူတွေအတွက်
တတိယ အမှားတစ်ခု


မှားယွင်းတဲ့ အချစ်ကြောင့်ပဲဖြစ်ဖြစ်
ချစ်သူကြောင့်ပဲဖြစ်ဖြစ်
အမှားဆိုတာကို ကျူးလွန်ဖို့ ရာနှုန်းများတတ်ပေမယ့်
သူများရဲ. အမှားကြောင့်
ကိုယ်ကိုဘ၀အတွက် အရှုံးတွေဆက်တိုက်မသယ်သွားသင့်ဘူး ။


တယောက်ဝမ်းနည်းနေချိန်မှာ


မချစ်မနှစ်သက်တဲ့ သူကို
အားနာပြီး ပြုံးမပြချင်မိပါဘူး..............
ဖြစ်နိုင်ရင်တော့ 
ကိုယ်ချစ်တဲ့ သူ က ရက်စက်ခဲ့ရင်တောင်
မျက်ရည်ကျရင်း ပြုံးပြနေနိုင်တဲ့ သူပဲ ဖြစ်ခွင့် ရချင်မိခဲ့ တာပါ.................

ဘယ်လောက်ဝေးကွာနေနေ
စိတ်ခြင်းနီးစပ်ရင်
အနေနီးးတယ်တဲ့ လေ...........
ဒါပေမဲ့ 
ဂရုစိုက်တက်တဲ့  အပြုအမူလေးတွေ....
ကြင်နာတက်တဲ့  စကားသံလေးတွေက
အချိန်အပိုင်းအခြားတစ်ခုအောက်မှာ
မှေးမှန်လာခဲ့ ရင်
လွယ်လွယ် ပျက်ဆီးသွားနိုင်တယ်ဆိုတာကိုလည်း သိသိရက်နဲ့ ပေါ့ ............

တစ်ယောက် ၀မ်းနည်းနေချိန်မှာ
တစ်ယောက်က ဖေးကူတယ်....
တစ်ယောက် ပျော်ရွှင်နေချိန်မှာ
တစ်ယောက်က ကြည်နူးနေတယ်.......
တခါတလေ စိတ်ဆိုးစိတ်ကောက်နေရင်တောင်
ခွင့် လွှတ်နိုင်တဲ့ စိတ်ကလေးတွေနဲ့  နားလည်ပေးနိုင်တာမျိုးမဟုတ်လား........

တခါတလေ ရင်ကွဲပြီး ချစ်တဲ့  ချစ်သူတွေမှာလည်း
ဘ၀နဲ့ ရင်းပြီးရတဲ့  ခံစားချက်တွေရှိပါတယ်....
ချစ်တဲ့  သူတိုင်းကတော့ 
အနားမှာ ရှိနေချင်မိတဲ့  စိတ်ကလေးနဲ့ 
အရာအားလုံးကို ကျော်ဖြတ်နေရတယ်ဆိုတာနားလည်ရင်း....
အတိုင်းအတာ တစ်ခုထိ ရင့်ကျက်နိုင်ဖို့  ကြိုးစားရဦးမယ်....
ပြီးတော့ 
အတက်နိုင်ဆုံး ပေးဆပ်ရင်းနဲ့ ပေါ့.......

Nan


နာကျည်းမူ့ တွေပဲပေးတာမဟုတ်ဘူ

အချစ်က
မယုံကြည်ချင်စရာ ကောင်းတာမဟုတ်ပါဘူး.................
တကယ်တော့ 
ကိုယ့်အပေါ် များများလိမ်တဲ့ သူနဲ့ တွေ့လို့ ပါ..............

အချစ်က
နွေးထွေးမူ့မရှိတာ မဟုတ်ပါဘူး....
တကယ်တော့ 
ကိုယ့်အပေါ် ချစ်တဲ့ သူက ဂရုစိုက်မူ့တွေ ပျက်ကွက်နေလို့ ပါ...........

အချစ်က
သံသယ တွေ မွေးဖွေးစေနိုင်တာမဟုတ်ပါဘူး
တကယ်တော့ 
မရိုးသားတဲ့  အပြုအမူတွေ ခဏခဏ ရရှိနေလို့ ပါ.............

အချစ်က
နာကျည်းမူ့တွေပဲ ပေးတာမဟုတ်ပါဘူး
တကယ်တော့ 
ဝမ်းနည်းစရာအကြောင်းအရာတွေနဲ့ ပဲ နေစဉ် ကျော်ဖြတ်နေရလို့ ပါ ..............

တကယ်တော့ 
အချစ်နဲ့ ပတ်သက်တဲ့ 
အနာကျင်ရဆုံး ခံစားချက်ဆိုတာ....
ကိုယ်ချစ်တဲ့ သူက သူချစ်တဲ့  သူကို ပိုချစ်နေတာမျိုးမဟုတ်လား....

Nan

လူနှစ်ယောက်ဘဝတစ်ခုတည်ထောင်ဖို့ 

လူနှစ်ယောက် ချစ်ကြဖို့ အတွက်
ဂုဏ်တွေ ငွေတွေ မလိုအပ်ပါဘူး
ဒါပေမဲ့ 
ကွဲကွာ သွားတဲ့  ချစ်သူတွေတိုင်းအတွက်တော့ 
ပိုက်ဆံ မရှိရင် ပေါင်းစပ်ဖို့  ခက်ခဲနေတက်တာမျိုးမဟုတ်လား...............

လူနှစ်ယောက် လက်တွဲဖို့ အတွက်
ရုပ်ရည်တွေလည်း မလိုအပ်ပါဘူး
ဒါပေမဲ့ 
လမ်းခွဲလိုက်ကြတဲ့  ချစ်သူတွေ တိုင်းအတွက်တော့ 
ရုပ်မလှရင် အကြောင်းပြချက်ပေးနိုင်သွားတာမျိုးမဟုတ်လား..................

လူနှစ်ယောက် ဘ၀တစ်ခု တည်ထောင်ဖို့ အတွက်
အသိုင်းအ၀ိုင်းတွေလည်း မလိုအပ်ပါဘူး
ဒါပေမဲ့ 
လက်တွဲဖြုတ်လိုက်ကြတဲ့  ချစ်သူတွေ တိုင်းအတွက်တော့ 
အဆင်မပြေရင် ငြင်းဆန်ခံရတက်တာမျိုးမဟုတ်လား.................

တခါတလေ
လူတစ်ယောက်ကို ချစ်လျှက်နဲ့  လမ်းခွဲလိုက်ရတဲ့ အခါ
အကြောင်းပြချက်တွေ မဲ့နေတက်ပါတယ်......
ပြီးတော့ ဘယ့်သူကို အပြစ်တင်ရမှန်းမသိသလိုလေးနဲ့ ပေါ့ .....Nan



သူများထက်ပို တဲနာလည်မှု့ 


ချစ်သူတိုင်းကတော့ 
စိတ်ဆိုးရန်ဖြစ်ဖူးကြတာပါပဲ
ဒါပေမဲ့ 
သူအရင် စခေါ်
ငါ အရင်စခေါ်ဆိုတဲ့ 
စိတ်ကလေးတွေ မရှိမှ အချစ်က ပိုတာရှည်ခံတက်တာမျိုးပါ.............

သူ့ကြောင့် လည်း ကိုယ်ငိုရသလို
ကိုယ့်ကြောင့်  လည်း သူမျက်ရည်ကြဖူးတယ်...........
ဒါပေမဲ့ 
နှစ်ဦးစလုံး စိတ်မှာ
အမှတ်ထားတာမျိုးမရှိဘူး.......
တခါတလေ ဒါမျိုးတွေဖြစ်တက်တယ်ဆိုတဲ့  နားလည်မူ့ထားနိုင်မှ
သံယောဇဉ်က ပို ကြာရှည်တည်တံ့နေတာမျိုးပါ.................

အားငယ်နေချိန်တိုင်း တမ်းတမိတယ်.....
သူအားငယ်နေရင်လည်း ဖွင့် ဟတိုင်ပင်တယ်....
ဒါပေမဲ့ 
တစ်ဦးကို တစ်ဦး စိတ်ရှုပ်သွားစေလို တဲ့  စိတ်တွေ မရှိကြဘူး......
ဘေးနားမှာ ရှိနေတာပဲဆိုတဲ့  အားကိုးလိုစိတ်ကလေးနဲ့ လေးစားတန်ဖိုးထားနိုင်မူ့လေးတွေရှိနေမှ
စိတ်ချမ်းသာ မူ့လေးတွေက နေ့တိုင်း ရရှိနေနိုင်တာမျိုးပါ................

ကြာရှည်ခံတဲ့  ချစ်သူတွေတိုင်းမှာ
သူများထက်ပိုတဲ့  နားလည်မူ့၊ခွင့်လွှတ်ပေးနိုင်မူ့ ၊အနစ်နာခံမူ့တွေရှိတယ်......


တယောက်ထည်အထီးကျန်မှု့ တွေနဲ

တစ်ယောက်တည်း
အထီးကျန်မူ့တွေ ကိုခံစားရတဲ့ အခါ
သိမ်ငယ်ခြင်းမဖြစ်ပါနဲ့ 
တခါတရံ ရဲရင့်ခြင်းဆိုတာ
တစ်ယောက်တည်းအနေအထားကနေပဲ
ပေါက်ဖွားခွင့် ရှိတာပါ

တစ်ယောက်ယောက်ကများ
သံသယတွေနဲ့ ပြောဆိုဆက်ဆံခံရတဲ့ အခါ
ဝမ်းနည်းခြင်းမဖြစ်ပါနဲ့ 
တခါတရံ ယုံကြည်မူ့ဆိုတာ
သံသယကိုချေဖျက်ပြီးချိန်မှ ရရှိနိုင်တဲ့  အရာမျိုးပါ..............

တစ်စုံတစ်ယောက်ယောက်ရဲ့
စွန့်ပြစ်ခြင်းကို ခံရတဲ့ အခါ
စိုးရိမ်ခြင်းမဖြစ်ပါနဲ့ 
တခါတရံ ကိုယ်နဲ့  မထိုက်တန်တဲ့ အခါ
ဖြစ်လေ့ဖြစ်ထ ရှိတက်တဲ့  အခြေအနေမျိုးပါ.............


ချစ်ခြင်းတရားတိုင်းမှာ
ပထမဆုံးမို့ 
နောက်ဆုံးမို့  ဆိုတဲ့  ကန့်သက်ချက်တွေ ရှိမနေပါဘူး

ပထမဆုံး အချစ်နဲ့  လမ်းခွဲလိုက်ရလို့ 
ဝမ်းနည်းစရာမလိုသလို
နောက်ဆုံး အချစ်နဲ့ ကွေကွင်းရရင်လည်း
မျက်ရည်ကျစရာမလိုပါဘူး.....
ထိုက်တန်တဲ့  အချစ်ဆိုတာ
ကန့်သက်ချက်မရှိတဲ့  အချိန်မှာ
လည်းတွေ့ရှိနိုင်တာမျိုးမဟုတ်လား................Nan





ဂစ်တာကိုမြင်တိုင်း


အမှတ်တရဆိုတာ ချစ်သူတွေ ပျော်ရွင်ချိန်မှာ
လွမ်းဆွတ်ရတဲ့ ပြရုပ်လေးပါ ။

တစ်ခါက သူ ဂစ်တာလေးတီးပီး သီချင်းဆိုပြဖူးချိန်ဟာ
ပျော်ရွင်စရာအကောင်းဆုံးအချိန် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်

ချစ်သူမဟုတ်တော့တဲ့ အချိန် ဂစ်တာကိုမြင်တိုင်း ဂစ်တာသံကြားတိုင်
ဘာမှန်းမသိတဲ့ ခံစားချက် ၀င်လာတာကို အမှတ်တရလို့ ခေါ်ဆိုနိုင်ပါ့မလား !

တစ်ကယ်တော့
ချစ်သူနဲ့ အချစ်ဆိုတာ ချစ်နေချိန်မှာ
တပ်တူးထိုးသလို စတင်ပုံဖော်နေချိန်မှာ နာကျင်ပေမယ့် ဆန္ဒတွေပြင်းပြနေတာကြောင့် နာကျင်မှုကို အပြုံးနဲ့လဲယူကြပေမယ့်

တစ်ယောက်ယောက် ပြောင်းလဲနေပြီးဆိုရင်
ဖျက်ရင်လည်း နာကျင်ရမယ်
မဖျက်ပဲထားရင်လည်း မြင်တိုင်းကို ရင်နာစေတဲ့အရာမျိုးမဟုတ်လား ......

Nan


Sunday, June 16, 2013

မငြီးငြူမိခဲ့ တာအမှန်ပါ


ကြိုးစားလို့  ဖြစ်မလာနိုင်တဲ့  အရာတစ်ခုအတွက်
ကံသိပ်ဆိုးတာပဲလို့ တော့ 
မငြီးငြူမိခဲ့ တာ အမှန်ပါ..............
ဒါပေမဲ့ 
ငါ့တစ်ယောက်တည်းလားလို့ တော့  စိုးရိမ်ပူပန်မိခဲ့ တယ်...............

အဆင်မပြေမူ့တွေ များလာတဲ့  အခြေအနေတစ်ခုအတွက်
ရင်မဆိုင်ရဲတဲ့  စိတ်တွေ လျော့ ပါးနေတယ်လို့ တော့ 
မခံယူမိခဲ့ တာ အမှန်ပါ.......
ဒါပေမဲ့ 
ငါ့ တစ်ယောက်တည်းလားလို့ တော့  စိုးရိမ်ပူပန်မိခဲ့ တယ်.............

အရှုံးပေးနေသူကိုမှ အနိုင်ယူချင်နေတဲ့  အပြုအမူတစ်ခုအတွက်
ရက်စက်တက်တဲ့ သူလို့ တော့ 
မတွေးတောမိခဲ့ တာ အမှန်ပါ.....
ဒါပေမဲ့ 
ငါ့ တစ်ယောက်တည်းလားလို့ တော့  စိုးရိမ်ပူပန်မိခဲ့ တယ်..............

ဒူးထောက်ပေးထားတာကိုမှ
အရှုံးပေးပြီးလားလို့ ထပ်မေးရင်...
ငါပြောနိုင်တာ တစ်ခုတော့ ရှိပါတယ်..............
နင် စိတ်ချမ်းသာမယ်ဆို ပြီးတာပါပဲလို့ ..............

ယုံကြည်မူ့ 

တကယ်ချစ်တဲ့  မိန်းကလေးက
ပိုက်ဆံ မမက်ဘူး.......
ကိုယ်တကယ်ချစ်မိရင်တော့  ဘယ်လိုအခြေအနေဖြစ်ဖြစ် လိုက်ရဲတယ်
ဒါပေမဲ့  တသက်လုံး ချစ်ပါ့ မယ်ဆိုတာလေးတော့ 
ကတိပေးသင့် တာပေါ့ နော်.............

တကယ်ချစ်တဲ့  မိန်းကလေးက
မာန်မာနတွေ မရှိဘူး....
ကိုယ်တကယ်ချစ်မိရင်တော့  အနွံတာ ခံဖို့ အသင့်ရှိကျတာပါပဲ
ဒါပေမဲ့  နိုင်ထက်စီးနည်းမလုပ်ပါဘူးဆိုတာလေးတော့ 
ကတိပေးသင့်တာပေါ့ နော်.....


တကယ်ချစ်တဲ့  မိန်းကလေးက
အတ္တတွေ မရှိဘူး......
ကိုယ်တကယ်ချစ်မိရင်တော့  ပျော်ပါစေဆိုတဲ့ စိတ်နဲ့ သည်းခံကျတာပါပဲ
ဒါပေမဲ့  ခွင့်လွှတ်တိုင်း မလိမ်ညာမိဖို့ လေးတော့ 
ကတိပေးသင့်တာပေါ့ နော်............

တကယ်ချစ်တဲ့  မိန်းကလေးက
အပျော်အပျက် စိတ်တွေ မရှိဘူး
ကိုယ် တကယ်ချစ်မိရင်တော့  ပေးဆပ်ချစ်ကျတာပါပဲ
ဒါပေမဲ့  ယုံကြည်မူ့တွေကို အလွဲသုံးစားမလုပ်ပါဘူးဆိုတာလေးတော့ 
ကတိပေးသင့်တာပေါ့ နော်.........

Nan

Saturday, June 15, 2013

အမြဲတမ်း

နင်အဆင်မပြေမှာ စိုးလို့ ပါ....................
အမြဲတမ်း
မက်ဆေခ်ျ့ ပို့ ပေးဖို့  ငါ မတောင်းဆိုချင်ပါဘူး
တကယ်လို့ များ
နင်တကြိမ်တခါ ပို့ လိုက်တဲ့  အချိန်က
နင့်အတွက် ငါလိုအပ်လို့ ဆိုတာတစ်ခုတည်းနဲ့ တင်
ငါဆိုတဲ့  သူက ပျော်ရွှင် ကျေနပ်နေရသူပါ............


နင်မအားမှာစိုးလို့ ပါ...........
အချိန်တိုင်း
သတိရနေတယ်လို့  ပြောဖို့  ကိုလည်း ငါ မတောင်းဆိုရက်ပါဘူး
တကယ်လို့ များ
နင် လွမ်းတယ်လို့  ပြောလိုက်တဲ့  အချိန်က
နင့် စိတ်ထဲက တကယ် ဖြစ်လာလို့ ဆိုတဲ့  စိတ်တစ်ခုတည်းနဲ့ တင်
ငါ ဆိုတဲ့  သူက ကြည်နူးကျေနပ်ရသူပါ.............


နင် ခက်ခဲနေမှာစိုးလို့ ပါ............
နေ့တိုင်း
ချစ်တယ်ပြောဖို့  အတွက် ငါ မတောင်းဆိုချင်ပါဘူး
တကယ်လို့ များ
နင် တခွန်းတလေ ပြောထွက်တဲ့  အချိန်က
နင် တသက်လုံးအတွက်ရည်စူး ပြောတာနေမှာပါဆိုတဲ့  အတွေး တစ်ခုတည်းနဲ့ တင်
ငါ ဆိုတဲ့  သူက နှစ်သက် ကျေနပ်ရသူပါ...............

လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်မိလေ
ကိုယ်အတွက်ဆိုတာထက်
သူ့အတွက်ဆိုတာ ပိုတွေးမိလေ ဆိုတာ .....
ငါ နင့်ကိုချစ်ပြီးမှ သိလိုက်ရတာလေဟာ............

Nan

နင်ချော့ တာကိုငါခံချင်လို့ ပါချစ်သူ

တခါတလေ
အကြောင်းမရှိပဲ စိတ်ဆိုး စိတ်ကောက်မိတယ်ဆိုရင်တောင်
ဒါက နင်ချော့  တာကို ငါ ခံချင်လို့  ပါချစ်သူ............

တခါတလေ
ခေါင်းမူးနေသလို ပဲ ပြောမိလိုက်တယ်ဆိုရင်တောင်
ဒါက နင်ဂရုစိုက်တာကို ငါ လိုချင်လို့  ပါ ချစ်သူ............

တခါတလေ
စိတ်ညစ်လိုက်တာဆိုပြီး ငြီးပြမိလိုက်တယ်ဆိုရင်တောင်
ဒါက နင်နှစ်သိမ့်  အားပေးတာကို ငါ မက်မောလို့ ပါချစ်သူ.......

တခါတလေ
ငါ့အပြုအမူတွေက
နင့်အတွက်တော့ 
ရည်ရွယ်ချက်မဲ့  ချင်မဲ့နေတာမျိုးပေါ့.....

တကယ်တော့ 
မိန်းကလေး တွေဆိုတာ
ကိုယ့်ချစ်သူဆီက ဂရုစိုက်မူ့တွေကို ပုံစံမျိုးစုံနဲ့ လိုချင်မိကျတဲ့  သူတိုင်းပါပဲဟာ..........................

Nan

မျှော်လင့်ဖူးပါတယ်

အားနွဲ့သူလို့  ဆိုချင်ဆိုပါ
ဝမ်းနည်းနေချိန်တိုင်းတော့ 
ငိုဖူးပါတယ်..............

စိတ်ဓါတ်မခိုင်မာဘူးလို့  ဆိုချင်ဆိုပါ
တစ်ယောက်တည်း ရပ်တည်နေချိန်မှာတော့ 
ကြောက်ရွံ့ဖူးပါတယ်........................

ဟန်မဆောင်တက်တဲ့  သူလို့  ဆိုချင်ဆိုပါ
ပြစ်ထားခဲ့ တဲ့  အချိန်တိုင်းတော့ 
မျှော်လင့် ဖူးပါတယ်............


နောက်ဆုံး
မရင့် ကျက်သေးဘူးလို့  ဆိုချင်ဆိုပါ
လမ်းခွဲရအောင် ပြောနေချိန်မှာတော့ 
ကြေကွဲရပါတယ်............

Nan

အမှတ်မထားတဲ့ အမှတ်တရနေ့ 

တခါတလေ
နင် မပြောတဲ့  မော်နင်းဆိုတဲ့  စကားလုံးကို
သတိတရ နဲ့  နင့်အတွက် ငါပြောဖြစ်တယ်..........

တခါတလေ
နင် ချန်မထား ခဲ့ တဲ့  ဂွတ်နိုက်ဆိုတဲ့  စကားလုံးကို
မမေ့မလျော့ နဲ့  နင့် အတွ့် ငါပြောဖြစ်တယ်...........

တခါတလေ
နင် မပို့ တဲ့  လွမ်းတယ်ဆိုတဲ့  မက်ဆေခ်ျ့လောက်ကို
မှတ်မှတ်ရရနဲ့  မဖြစ်ဖြစ်အောင် ငါ ပို့ ဖြစ်တယ်.............

တခါတလေ
နင် ၀င်မလာဖြစ်တဲ့  အကောင့်လေးမှာ
အချိန်အတိုင်းအတာ တစ်ခုထိ ငါ စောင့် ဖြစ်တယ်...........

တခါတလေ
နင် အမှတ်မထားတဲ့  အမှတ်တရနေ့တွေကို
စိတ်မဆိုးပဲ ငါ နားလည်ပေးဖြစ်တယ်...........

တခုတော့ ရှိတယ်ချစ်သူ...........
လူတစ်ယောက်ရဲ့ ခံနိုင်ရည်ကို မစမ်းသပ်ကောင်းဘူးတဲ့ 
နင်မေ့နေမှာစိုးလို့ ပါ............

Nan

Tuesday, June 11, 2013

နောက်ဆုတ်နေခဲ့ မိတာပါ

မပြက်သားဝံ့တာ မဟုတ်ဘူး
တခါတလေ
နားလည်ပေးနိုင်မလားဆိုတဲ့ စိတ်နဲ့ မျှော်လင့် နေခဲ့ မိတာပါ................

ရင်မဆိုင်ချင်တာ မဟုတ်ဘူး....
တခါတလေ
ကိုယ်ခြင်းစာ စိတ်လေးနဲ့  နောက်ဆုတ်နေခဲ့ မိတာပါ.............

ကိုယ်ကကြီး ကောင်းပြနေတယ်လို့  လည်းမမြင်မိပါဘူး.......
ကိုယ်ကပဲ ပေးဆပ်နေတယ်လို့ လည်း မခံယူဝံ့ပါဘူး.....

ဒါပေမဲ့ 
ကိုယ်ပေးသလောက် အပြည့်အ၀ပြန်မရရင်တောင်
အသိအမှတ်ပြုတာလေးတော့  ခံချင်သေးတာပေါ့..............
မဟုတ်ရင်
ငါလည်း ခံစားချက်ရှိတဲ့ သူပဲလေ
နာကျင်ကြေကွဲတက်တယ်ဆိုတာ သိထားပေးပါနော်.........

 
Nan

နေနိုင်တယ်နော်

အဆင်ပြေသလားမေးတော့ 
ရပါတယ်လို့ ဖြေတာက အကျင့် ဖြစ်နေပြီ..........

နေနိုင်တယ်နော်လို့ မေးတော့ 
မဟုတ်ရပါဘူးလို့ ပဲ ပြန်ဖြေလိုက်မိတယ်...............

သတိရော ရရဲ့လား မေးတော့ 
အင်း ဆိုပြီးတခွန်းတည်း....

မချစ်လို့ မဟုတ်ပါဘူး.............
စိတ်ထဲက မပါတဲ့ မေးခွန်းတွေကို
ရင်ထဲက လာတဲ့ စကားနဲ့ မလဲနိုင်တာမို့ 
နင်နားလည်ပေးနိုင်မယ်ထင်တာပါပဲဟာ..................

Nan

ဘယ်နေရာရောက်ရောက်

ဘ၀တစ်ခုလုံးပုံအပ်ဖို့ အတွက်
တကယ်ချစ်တဲ့  ချစ်သူတွေကြားမှာ
စာချုပ်တွေ မလိုအပ်ပါဘူး....

ဘယ်ချိန်ဖြစ်ဖြစ် ခွဲမသွားပါဘူးဆိုတဲ ကတိတစ်ခုကို
ဘယ်နေရာရောက်ရောက်
ရဲရဲကြီးပေးနိုင်ဖို့ ပဲလိုတယ်....


Nan
 
 
 

Sunday, June 9, 2013

တယောက်တည်း

ရင်ထဲကဝေဒနာတွေ........
ဖော်ကြူးလို့ .......ပြောခွင့်မရလေတော့
တယောက်တည်း......ကြေကွဲ
ပူဆွေးလို့ တွေဝေနေခဲ့ ပေမဲ့ ........
သြော်.....အချစ်တွက်နဲ.......
ကံမကောင်းခဲ့ တဲ........ငါ
ငိုကြွေးခြင်းတွေဆိုတာ.........
ငါအတွက်တော့
မထူးဆန်းတော့ပါဘူ.............

Wednesday, June 5, 2013

သံယောဇဉ်

ဘယ်လိုအကြောင်းအရာမျိုးနဲ့ ပဲ
လမ်းခွဲခဲ့ လမ်းခွဲခဲ့ ................
ပြန်တွေးတိုင်း သူနေကောင်းပါစေလို့  ဆုတောင်းနေခဲ့ မိဖူးရင်.............
သတိရတိုင်း သူနဲ့ ပတ်သက်ခဲ့ တာကို ကြည်နူးမိနေသေးရင်...............
ဒါဟာ
သံယောဇဉ်လည်းဖြစ်ချင်ဖြစ်မယ
ချစ်နေတုန်းလည်း ဖြစ်ချင်ဖြစ်မယ်
ဒါပေမဲ့ 
စစ်မှန်တဲ့  အရာတစ်ခုကို သင်ပိုင်ဆိုင်ခဲ့ ဖူးတာပါ...........

Nan

Monday, June 3, 2013

ချစ်သူတွေကြားမှာ

ချစ်သူတွေကြားမှာ
ပြသနာတွေ တက်တိုင်း
ပိုချစ်တဲ့  သူက အဲ့ဒီအပြစ်တွေကို လွယ်လွယ်ခွင့်လွှတ်နိင်တာမဟုတ်ပါဘူး.............
ပိုချစ်တဲ့ သူက လွယ်လွယ် မေ့ပြစ်နိုင်တာမျိုးပါ.................

တကယ်ချစ်တဲ့  ချစ်သူတွေဆိုတာ...............
ခွန်းကြီး ခွန်းငယ်နဲ့ 
ဘယ်လောက် စကားများများ
ဘယ်လောက် အကြိမ်ပေါင်းများများ ရန်ဖြစ်ဖြစ်
ခဏလေးနဲ့  သင်ပုန်းချေနိုင်တဲ့  သူတွေမဟုတ်လား......

တခါတလေ
လိုက်ဖက်တဲ့ စုံတွဲဖြစ်ဖို့ အတွက်
အားကျနေစရာမလိုပါဘူး
ဘုရားအတူတက်ဖို့ လည်း မလိုဘူး....
အကျီဆင်တူတွေ ၀တ်ဖို့ လည်း မလိုဘူး...........
တစ်ယောက်ကို တစ်ယောက် နားလည်ပေးနိုင်တဲ့ စိတ်လေးနဲ့ 
အချစ်မြဲဖို့ ပဲလိုပါတယ်....

Nan

ငါတို့ တွေ့ ရဖို့ နေ့ ရက်လေးတွေနီးလာပြီနော်

ငါတို့ 
တွေ့ရဖို့ အတွက် တရက်ထက်တရက်
နေ့ရက်လေးတွေ နီးလာပြီ....

ငါတို့ 
လွမ်းလို့  ကျရတဲ့  မျက်ရည်ကလေးတွေ အဆုံးသတ်ဖို့ 
အချိန်လေးတွေ နီးလာပြီ...........

နင့်ကိုတွေ့ရင် အလှဆုံးဖြစ်အောင် နေဖို့ 
အလှလေးတွေပြင်ဆင်တက်လာပြီ.....

နင်နဲ့ တွေ့ရင် ငါဘယ်လောက်ချစ်တာ ပြောပြဖို့ 
စကားလုံးတွေ စာစီတက်လာပြီ.........

နင်နဲ့ ဆုံရင် ရုပ်ရှင်တွေ အတူတူကြည့်ကျမယ်လို့ 
စိတ်ကူးတက်လာပြီ

နင်နဲ့ ဆိုရင် နေရာတော်တော်များများ လျှောက်သွားကြမယ်လို့ 
မျှော်လင့်တက်လာပြီ

ဆန်းတော့  ဆန်းသား
တခါမှ အပြင်မှာ မဆုံဖူးတဲ့  ချစ်သူကို
တဘ၀လုံး အတွက်ရွေးချယ်ပြင်ဆင်ထားခဲ့ မိတာ .....
ငါမှားလားချစ်သူ...............

ဟင့်အင်
အချစ်မှာ မျက်စေ့မရှိဘူးဆိုတာ
နင့်ကို ချစ်ပြီးမှ ငါ ယုံကြည်ခဲ့ မိတာပါဟာ.....


Nan

Sunday, June 2, 2013

အနိုင်မယူရက်တာပါ

ငါ မာနမထားတက်တာမဟုတ်ဘူး
နင်နဲ့ ပတ်သက်ရင် အနိုင်မယူရက်တာပါ.....

ငါ အတ္တ ကြီးလွန်းတာ မဟုတ်ဘူး
နင်နဲ့ ပတ်သက်ရင် ဆုံးရှုံးမှာ စိုးတာပါ...........

ငါ လွယ်လွယ် နားယောင်တက်တဲ့ သူမဟုတ်ဘူး
နင်နဲ့ ပတ်သက်ရင် ခေါင်းညိတ်ဖို့ ပဲကြိုးစားတက်သူပါ.............

ငါ စိတ်မဆိုးတက်တာမဟုတ်ဘူး
နင်နဲ့ ပတ်သက်ရင် နင်စိတ်ဆိုးမှာ ဦးဆုံးကြောက်မိသူပါ....

ငါ နေနိုင်လွန်းလို့ မဟုတ်ဘူး
နင်နဲ့ ပတ်သက်ရင် နင်မခေါ်မပြောပဲနေမှာကို ထိတ်လန့် မိသူပါ......

ထားသွားခဲ့ ရင်တောင်
ကျေနပ်ပါတယ်ဆိုပေမဲ့ 
နင်နဲ့ ပတ်သက်ရင် ငါ ဆိုးဆိုးရွားရွားကို ခံစားတက်နေပြီလေ...

နင်နဲ့  မတွေ့မမြင်ပဲနေ ရမှာ.....
နင်နဲ့  စကားမပြောပဲ နေဖြစ်မှာ....
နင်နဲ့  ဝေးဝေးသွားမှာကို
ငါ ခုချိန် သေလောက်အောင် စိုးရိမ်နေမိပြီဟာ.......
ဒါ လူတွေပြောတဲ့  အချစ်ပဲထင်ပါရဲ့နော်....

Nan

မနက်မနက်ဆို

မနက်မနက် ဆို
တစ်ယောက်နဲ့ တစ်ယောက် မော်နင်းလို့  နှုတ်ဆက်ဖို့ ဆိုတာ
ဘယ်သူမှ သတ်မှတ်မထားတဲ့  ၀တ္တရားတစ်ခုပါ............
တခါတလေ ဘယ်သူ့ဖက်က ပျက်ကွက်ပျက်ကွက်
အဲ့တနေတာလုံး မပျော်ရွှင်တော့ ဘူး...............

ဖုန်းချခါနီးဖြစ်ဖြစ်
အကောင့် ပိတ်ခါနီးဖြစ်ဖြစ်
တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်တယ်နော် အာဘွားလို့  ပြောဖို့ ဆိုတာ
ဘယ်သူကမှ မတိုင်ပင်ထားတဲ့  အရာတစ်ခုပါ....
တခါတလေ တစ်ယောက်ယောက်ဖက်ကများ ပြောဖို့  မေ့သွားရင်
စိတ်ထဲမှာ ၀မ်းနည်းသွားသလိုနဲ့  နေလို့  မကောင်းတော့ ဘူး.............

တစ်ယောက်ကျန်းမာရေး အတွက် တစ်ယောက်က ပူပန်ပေးရတယ်...
တစ်ယောက် နေရေးထိုင်ရေးအတွက် တစ်ယောက်က စိုးရိမ်နေရတယ်....
မတွေ့တာကြာရင်လွမ်းတယ်
မမြင်တာကြာရင် သတိရတယ်.....
တချို့ရင်ထဲက ခံစားချက်ကို ဖွင့် မပြောလည်း အလိုလိုသိနေသလိုမျိုး.....

တကယ်တော့ 
ကိုယ်ချစ်မြတ်နိုးရတဲ့  ချစ်သူဆိုတာ
ဘယ်လောက်အကွာအဝေးမှာပဲ နေနေ
နိုင်ငံတွေ ဘယ်လောက်ခြားခြား
ချစ်တဲ့  စိတ်ကလေးတွေနဲ့ 
စိတ်နှစ်ကိုယ်ခွဲပြီး ရှင်သန်နေဖြစ်ကျတဲ့ သူတွေပါ......

Nan

အထီးကျန်လွန်းတယ်ဆိုတဲ့ 

အဆင်မပြေတာတွေ များတဲ့ အခါ ရင်ဖွင့်စရာလူမရှိဘူး...
ဒီလိုနဲ့  ရင့်ကျက်ခြင်းဆိုတာ ကို ကိုယ်တိုင် စိုက်ပျိုးခဲ့ တက်လာတယ်.....

သူများအတွဲတွေ မြင်တဲ့ အခါ လက်တွဲစရာ ဘေးမှာ ဘယ်သူမှ မရှိနေဘူး....
ဒီလိုနဲ့  အထီးကျန်လွန်းတယ်ဆိုတဲ့  ဘ၀မှာ နေသားကျလာတယ်.............

မွန်းကြပ်နေတဲ့  အခါ နှစ်သိမ့် ပေးမဲ့ သူမရှိဘူး...........
ဒီလိုနဲ့  ဟန်ဆောင်တက်လာတယ်..............

တချို့ပြသနာတွေကို ကိုယ်ဆုံးဖြတ်ချက်နဲ့  ပြက်သားမိလိုက်တယ်....
တချို့ခံစားချက်တွေကို ဘာမှမဖြစ်သလိုလေးနဲ့  မျက်နှာလွဲလိုက်တယ်....
တချို့ စိတ်ညစ်စရာလေးတွေကို အပြုံးလေးတစ်ခုနဲ့  လဲလှယ်ပြစ်လိုက်တယ်....

အချိန်အတိုင်းအတာတစ်ခုထိ ၀မ်းနည်းသိမ်ငယ်ခဲ့ ဖူးတာကလွဲရင်
အရာအားလုံး ပြီးဆုံးသွားမှာပါဆိုတဲ့  စိတ်နဲ့ 
တစ်ယောက်တည်း နေတက်ခဲ့ တာလည်း ကြာပြီလေ.....

ဒီလိုနဲ့ 
ရဲရင့်ခြင်းတွေရှိဖို့  အတွက် အဖော်မလိုဘူးဆိုပြီး ကိုယ်ကိုကိုယ် အားပေးတက်လာတယ်..............
 
Nan