ချစ်သူ…
အစထဲက နင်သူကိုပဲချစ်ခဲ့တာဆို
ဘာလို့ ငါ့ဘ၀ထဲဝင်ခဲ့သေးလဲနော်။
သူနဲ့ပြတ်ပြီး ငါနဲ့တွဲတာ
သစ္စာမဲ့တာမဟုတ်ပေမယ့်
ငါနဲ့ချစ်သူဖြစ်နေတုန်း
နင်တို့ပြန်ဆက်သွယ်တာတော့
နင်သိပ်သစ္စာမဲ့တာပေါ့။
နင်ရဲ့ကတိမတည်မှုကိုရှောင်လွှဲချက်တင်တာက
တာဝန်ယူတဲ့စိတ်ဓါတ်ပါတဲ့လား
မရဘူး ချစ်သူ
နင်ကတိမတည်တာက မတည်တာပါ။
သူ့နေရာကိုကြည့်ပါအုံးဆိုရအောင်
ငါကလည်း ငါ့နေရာမှာလေ
နင်တို့နှစ်ယောက်
သာယာစီးမြောပြီး လွတ်လပ်ခွင့်ကိုအသုံးချ
အမှားအယွင်းပြုမိခဲ့တာကို
ဘာမှ သက်ဆိုင်ခြင်းမရှိတဲ့
ငါ့နှလုံးသားနဲ့ပေးဆပ်လိုက်ရတယ်နော်။
နင်ပြောတဲ့ စိတ်နာလိုက်ပါဆိုတဲ့စကားလုံးထက်
ငါနင့်ကို ပိုစိတ်နာမိတာကို နင်မသိနိုင်ပါဘူး။
အရင်က နင်ဘာလုပ်လုပ်
နားလည်ပေးထားတဲ့ငါ့နှလုံးသားက
သူ့ဘက်ပဲတယူသန်ဆန်စွာကြည့်တဲ့
နင့်စိတ်ဓါတ်ကို အမုန်းကြီးမုန်းသွားပြီ။
နင့်တို့နှစ်ယောက် ဘ၀လေး
သာယာပါစေဟာ။ ။Nan
Tuesday, June 25, 2013
ဘာလို့ ငါ့ ဘဝထဲဝင်ခဲ့ သေးလဲနော်
4:44 AM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment