Monday, June 24, 2013

ဒုတိယအရှုံးတစ်ခု


အချစ်ဝင်ရောက်လာချိန်မှာ သူထက် ကိုယ်ကပိုချစ်လို့
အလွမ်း နှိမ့်ဆက်မှု ဒဏ်ကို လူးလိမ့်ပီးခံရချိန်
ချစ်တတ်တဲ့သူတွေအတွက်
ပထမဆုံး အရှုံးတစ်ခု


လမ်းခွဲနုတ်ဆက်ချိန်မှာ သူထက် ကိုယ်ကပိုတန်ဖိုးထားလို့
ယုံကြည်ချက် ရိုက်ချိုးမှု ဒဏ်ကို ခါးဆီးပီးခံရချိန်
ချစ်တတ်တဲ့သူတွေအတွက်
ဒုတိယ အရှုံးတစ်ခု


အချိန်တွေ ကြာမြင့်လာပေမယ့် သူထက် ကိုယ်က အစွဲအလမ်းကြီးလို့
အစားမထိုးနိုင်မှု ဒဏ်ကို သေရာပါ အနာလိုဖြစ်နေချိန်
ချစ်တတ်တဲ့သူတွေအတွက်
တတိယ အမှားတစ်ခု


မှားယွင်းတဲ့ အချစ်ကြောင့်ပဲဖြစ်ဖြစ်
ချစ်သူကြောင့်ပဲဖြစ်ဖြစ်
အမှားဆိုတာကို ကျူးလွန်ဖို့ ရာနှုန်းများတတ်ပေမယ့်
သူများရဲ. အမှားကြောင့်
ကိုယ်ကိုဘ၀အတွက် အရှုံးတွေဆက်တိုက်မသယ်သွားသင့်ဘူး ။


0 comments:

Post a Comment