မနက်မနက် ဆို
တစ်ယောက်နဲ့ တစ်ယောက် မော်နင်းလို့  နှုတ်ဆက်ဖို့ ဆိုတာ
ဘယ်သူမှ သတ်မှတ်မထားတဲ့  ၀တ္တရားတစ်ခုပါ............
တခါတလေ ဘယ်သူ့ဖက်က ပျက်ကွက်ပျက်ကွက်
အဲ့တနေတာလုံး မပျော်ရွှင်တော့ ဘူး...............
ဖုန်းချခါနီးဖြစ်ဖြစ်
အကောင့် ပိတ်ခါနီးဖြစ်ဖြစ်
တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်တယ်နော် အာဘွားလို့  ပြောဖို့ ဆိုတာ
ဘယ်သူကမှ မတိုင်ပင်ထားတဲ့  အရာတစ်ခုပါ....
တခါတလေ တစ်ယောက်ယောက်ဖက်ကများ ပြောဖို့  မေ့သွားရင်
စိတ်ထဲမှာ ၀မ်းနည်းသွားသလိုနဲ့  နေလို့  မကောင်းတော့ ဘူး.............
တစ်ယောက်ကျန်းမာရေး အတွက် တစ်ယောက်က ပူပန်ပေးရတယ်...
တစ်ယောက် နေရေးထိုင်ရေးအတွက် တစ်ယောက်က စိုးရိမ်နေရတယ်....
မတွေ့တာကြာရင်လွမ်းတယ်
မမြင်တာကြာရင် သတိရတယ်.....
တချို့ရင်ထဲက ခံစားချက်ကို ဖွင့် မပြောလည်း အလိုလိုသိနေသလိုမျိုး.....
တကယ်တော့ 
ကိုယ်ချစ်မြတ်နိုးရတဲ့  ချစ်သူဆိုတာ
ဘယ်လောက်အကွာအဝေးမှာပဲ နေနေ
နိုင်ငံတွေ ဘယ်လောက်ခြားခြား
ချစ်တဲ့  စိတ်ကလေးတွေနဲ့ 
စိတ်နှစ်ကိုယ်ခွဲပြီး ရှင်သန်နေဖြစ်ကျတဲ့ သူတွေပါ......
Nan

0 comments:
Post a Comment