ငါတို့ 
တွေ့ရဖို့ အတွက် တရက်ထက်တရက်
နေ့ရက်လေးတွေ နီးလာပြီ....
ငါတို့ 
လွမ်းလို့  ကျရတဲ့  မျက်ရည်ကလေးတွေ အဆုံးသတ်ဖို့ 
အချိန်လေးတွေ နီးလာပြီ...........
နင့်ကိုတွေ့ရင် အလှဆုံးဖြစ်အောင် နေဖို့ 
အလှလေးတွေပြင်ဆင်တက်လာပြီ.....
နင်နဲ့ တွေ့ရင် ငါဘယ်လောက်ချစ်တာ ပြောပြဖို့ 
စကားလုံးတွေ စာစီတက်လာပြီ.........
နင်နဲ့ ဆုံရင် ရုပ်ရှင်တွေ အတူတူကြည့်ကျမယ်လို့ 
စိတ်ကူးတက်လာပြီ
နင်နဲ့ ဆိုရင် နေရာတော်တော်များများ လျှောက်သွားကြမယ်လို့ 
မျှော်လင့်တက်လာပြီ
ဆန်းတော့  ဆန်းသား
တခါမှ အပြင်မှာ မဆုံဖူးတဲ့  ချစ်သူကို
တဘ၀လုံး အတွက်ရွေးချယ်ပြင်ဆင်ထားခဲ့ မိတာ .....
ငါမှားလားချစ်သူ...............
ဟင့်အင်
အချစ်မှာ မျက်စေ့မရှိဘူးဆိုတာ
နင့်ကို ချစ်ပြီးမှ ငါ ယုံကြည်ခဲ့ မိတာပါဟာ.....
Nan

0 comments:
Post a Comment