Saturday, June 15, 2013

အမြဲတမ်း

နင်အဆင်မပြေမှာ စိုးလို့ ပါ....................
အမြဲတမ်း
မက်ဆေခ်ျ့ ပို့ ပေးဖို့  ငါ မတောင်းဆိုချင်ပါဘူး
တကယ်လို့ များ
နင်တကြိမ်တခါ ပို့ လိုက်တဲ့  အချိန်က
နင့်အတွက် ငါလိုအပ်လို့ ဆိုတာတစ်ခုတည်းနဲ့ တင်
ငါဆိုတဲ့  သူက ပျော်ရွှင် ကျေနပ်နေရသူပါ............


နင်မအားမှာစိုးလို့ ပါ...........
အချိန်တိုင်း
သတိရနေတယ်လို့  ပြောဖို့  ကိုလည်း ငါ မတောင်းဆိုရက်ပါဘူး
တကယ်လို့ များ
နင် လွမ်းတယ်လို့  ပြောလိုက်တဲ့  အချိန်က
နင့် စိတ်ထဲက တကယ် ဖြစ်လာလို့ ဆိုတဲ့  စိတ်တစ်ခုတည်းနဲ့ တင်
ငါ ဆိုတဲ့  သူက ကြည်နူးကျေနပ်ရသူပါ.............


နင် ခက်ခဲနေမှာစိုးလို့ ပါ............
နေ့တိုင်း
ချစ်တယ်ပြောဖို့  အတွက် ငါ မတောင်းဆိုချင်ပါဘူး
တကယ်လို့ များ
နင် တခွန်းတလေ ပြောထွက်တဲ့  အချိန်က
နင် တသက်လုံးအတွက်ရည်စူး ပြောတာနေမှာပါဆိုတဲ့  အတွေး တစ်ခုတည်းနဲ့ တင်
ငါ ဆိုတဲ့  သူက နှစ်သက် ကျေနပ်ရသူပါ...............

လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်မိလေ
ကိုယ်အတွက်ဆိုတာထက်
သူ့အတွက်ဆိုတာ ပိုတွေးမိလေ ဆိုတာ .....
ငါ နင့်ကိုချစ်ပြီးမှ သိလိုက်ရတာလေဟာ............

Nan

0 comments:

Post a Comment