Saturday, June 15, 2013

နင်ချော့ တာကိုငါခံချင်လို့ ပါချစ်သူ

တခါတလေ
အကြောင်းမရှိပဲ စိတ်ဆိုး စိတ်ကောက်မိတယ်ဆိုရင်တောင်
ဒါက နင်ချော့  တာကို ငါ ခံချင်လို့  ပါချစ်သူ............

တခါတလေ
ခေါင်းမူးနေသလို ပဲ ပြောမိလိုက်တယ်ဆိုရင်တောင်
ဒါက နင်ဂရုစိုက်တာကို ငါ လိုချင်လို့  ပါ ချစ်သူ............

တခါတလေ
စိတ်ညစ်လိုက်တာဆိုပြီး ငြီးပြမိလိုက်တယ်ဆိုရင်တောင်
ဒါက နင်နှစ်သိမ့်  အားပေးတာကို ငါ မက်မောလို့ ပါချစ်သူ.......

တခါတလေ
ငါ့အပြုအမူတွေက
နင့်အတွက်တော့ 
ရည်ရွယ်ချက်မဲ့  ချင်မဲ့နေတာမျိုးပေါ့.....

တကယ်တော့ 
မိန်းကလေး တွေဆိုတာ
ကိုယ့်ချစ်သူဆီက ဂရုစိုက်မူ့တွေကို ပုံစံမျိုးစုံနဲ့ လိုချင်မိကျတဲ့  သူတိုင်းပါပဲဟာ..........................

Nan

0 comments:

Post a Comment