Monday, June 24, 2013

တယောက်ထည်အထီးကျန်မှု့ တွေနဲ

တစ်ယောက်တည်း
အထီးကျန်မူ့တွေ ကိုခံစားရတဲ့ အခါ
သိမ်ငယ်ခြင်းမဖြစ်ပါနဲ့ 
တခါတရံ ရဲရင့်ခြင်းဆိုတာ
တစ်ယောက်တည်းအနေအထားကနေပဲ
ပေါက်ဖွားခွင့် ရှိတာပါ

တစ်ယောက်ယောက်ကများ
သံသယတွေနဲ့ ပြောဆိုဆက်ဆံခံရတဲ့ အခါ
ဝမ်းနည်းခြင်းမဖြစ်ပါနဲ့ 
တခါတရံ ယုံကြည်မူ့ဆိုတာ
သံသယကိုချေဖျက်ပြီးချိန်မှ ရရှိနိုင်တဲ့  အရာမျိုးပါ..............

တစ်စုံတစ်ယောက်ယောက်ရဲ့
စွန့်ပြစ်ခြင်းကို ခံရတဲ့ အခါ
စိုးရိမ်ခြင်းမဖြစ်ပါနဲ့ 
တခါတရံ ကိုယ်နဲ့  မထိုက်တန်တဲ့ အခါ
ဖြစ်လေ့ဖြစ်ထ ရှိတက်တဲ့  အခြေအနေမျိုးပါ.............


ချစ်ခြင်းတရားတိုင်းမှာ
ပထမဆုံးမို့ 
နောက်ဆုံးမို့  ဆိုတဲ့  ကန့်သက်ချက်တွေ ရှိမနေပါဘူး

ပထမဆုံး အချစ်နဲ့  လမ်းခွဲလိုက်ရလို့ 
ဝမ်းနည်းစရာမလိုသလို
နောက်ဆုံး အချစ်နဲ့ ကွေကွင်းရရင်လည်း
မျက်ရည်ကျစရာမလိုပါဘူး.....
ထိုက်တန်တဲ့  အချစ်ဆိုတာ
ကန့်သက်ချက်မရှိတဲ့  အချိန်မှာ
လည်းတွေ့ရှိနိုင်တာမျိုးမဟုတ်လား................Nan





0 comments:

Post a Comment