Monday, June 24, 2013

လူနှစ်ယောက်ဘဝတစ်ခုတည်ထောင်ဖို့ 

လူနှစ်ယောက် ချစ်ကြဖို့ အတွက်
ဂုဏ်တွေ ငွေတွေ မလိုအပ်ပါဘူး
ဒါပေမဲ့ 
ကွဲကွာ သွားတဲ့  ချစ်သူတွေတိုင်းအတွက်တော့ 
ပိုက်ဆံ မရှိရင် ပေါင်းစပ်ဖို့  ခက်ခဲနေတက်တာမျိုးမဟုတ်လား...............

လူနှစ်ယောက် လက်တွဲဖို့ အတွက်
ရုပ်ရည်တွေလည်း မလိုအပ်ပါဘူး
ဒါပေမဲ့ 
လမ်းခွဲလိုက်ကြတဲ့  ချစ်သူတွေ တိုင်းအတွက်တော့ 
ရုပ်မလှရင် အကြောင်းပြချက်ပေးနိုင်သွားတာမျိုးမဟုတ်လား..................

လူနှစ်ယောက် ဘ၀တစ်ခု တည်ထောင်ဖို့ အတွက်
အသိုင်းအ၀ိုင်းတွေလည်း မလိုအပ်ပါဘူး
ဒါပေမဲ့ 
လက်တွဲဖြုတ်လိုက်ကြတဲ့  ချစ်သူတွေ တိုင်းအတွက်တော့ 
အဆင်မပြေရင် ငြင်းဆန်ခံရတက်တာမျိုးမဟုတ်လား.................

တခါတလေ
လူတစ်ယောက်ကို ချစ်လျှက်နဲ့  လမ်းခွဲလိုက်ရတဲ့ အခါ
အကြောင်းပြချက်တွေ မဲ့နေတက်ပါတယ်......
ပြီးတော့ ဘယ့်သူကို အပြစ်တင်ရမှန်းမသိသလိုလေးနဲ့ ပေါ့ .....Nan



0 comments:

Post a Comment