ငါ မာနမထားတက်တာမဟုတ်ဘူး
နင်နဲ့ ပတ်သက်ရင် အနိုင်မယူရက်တာပါ.....
ငါ အတ္တ ကြီးလွန်းတာ မဟုတ်ဘူး
နင်နဲ့ ပတ်သက်ရင် ဆုံးရှုံးမှာ စိုးတာပါ...........
ငါ လွယ်လွယ် နားယောင်တက်တဲ့ သူမဟုတ်ဘူး
နင်နဲ့ ပတ်သက်ရင် ခေါင်းညိတ်ဖို့ ပဲကြိုးစားတက်သူပါ.............
ငါ စိတ်မဆိုးတက်တာမဟုတ်ဘူး
နင်နဲ့ ပတ်သက်ရင် နင်စိတ်ဆိုးမှာ ဦးဆုံးကြောက်မိသူပါ....
ငါ နေနိုင်လွန်းလို့ မဟုတ်ဘူး
နင်နဲ့ ပတ်သက်ရင် နင်မခေါ်မပြောပဲနေမှာကို ထိတ်လန့် မိသူပါ......
ထားသွားခဲ့ ရင်တောင်
ကျေနပ်ပါတယ်ဆိုပေမဲ့ 
နင်နဲ့ ပတ်သက်ရင် ငါ ဆိုးဆိုးရွားရွားကို ခံစားတက်နေပြီလေ...
နင်နဲ့  မတွေ့မမြင်ပဲနေ ရမှာ.....
နင်နဲ့  စကားမပြောပဲ နေဖြစ်မှာ....
နင်နဲ့  ဝေးဝေးသွားမှာကို
ငါ ခုချိန် သေလောက်အောင် စိုးရိမ်နေမိပြီဟာ.......
ဒါ လူတွေပြောတဲ့  အချစ်ပဲထင်ပါရဲ့နော်....
Nan

0 comments:
Post a Comment