8:41 AM
ကြိုးစားလို့  ဖြစ်မလာနိုင်တဲ့  အရာတစ်ခုအတွက်
ကံသိပ်ဆိုးတာပဲလို့ တော့ 
မငြီးငြူမိခဲ့ တာ အမှန်ပါ..............
ဒါပေမဲ့ 
ငါ့တစ်ယောက်တည်းလားလို့ တော့  စိုးရိမ်ပူပန်မိခဲ့ တယ်...............
အဆင်မပြေမူ့တွေ များလာတဲ့  အခြေအနေတစ်ခုအတွက်
ရင်မဆိုင်ရဲတဲ့  စိတ်တွေ လျော့ ပါးနေတယ်လို့ တော့ 
မခံယူမိခဲ့ တာ အမှန်ပါ.......
ဒါပေမဲ့ 
ငါ့ တစ်ယောက်တည်းလားလို့ တော့  စိုးရိမ်ပူပန်မိခဲ့ တယ်.............
အရှုံးပေးနေသူကိုမှ အနိုင်ယူချင်နေတဲ့  အပြုအမူတစ်ခုအတွက်
ရက်စက်တက်တဲ့ သူလို့ တော့ 
မတွေးတောမိခဲ့ တာ အမှန်ပါ.....
ဒါပေမဲ့ 
ငါ့ တစ်ယောက်တည်းလားလို့ တော့  စိုးရိမ်ပူပန်မိခဲ့ တယ်..............
ဒူးထောက်ပေးထားတာကိုမှ
အရှုံးပေးပြီးလားလို့ ထပ်မေးရင်...
ငါပြောနိုင်တာ တစ်ခုတော့ ရှိပါတယ်..............
နင် စိတ်ချမ်းသာမယ်ဆို ပြီးတာပါပဲလို့ ..............
0 comments:
Post a Comment