တခါတလေ
နင် မပြောတဲ့  မော်နင်းဆိုတဲ့  စကားလုံးကို
သတိတရ နဲ့  နင့်အတွက် ငါပြောဖြစ်တယ်..........
တခါတလေ
နင် ချန်မထား ခဲ့ တဲ့  ဂွတ်နိုက်ဆိုတဲ့  စကားလုံးကို
မမေ့မလျော့ နဲ့  နင့် အတွ့် ငါပြောဖြစ်တယ်...........
တခါတလေ
နင် မပို့ တဲ့  လွမ်းတယ်ဆိုတဲ့  မက်ဆေခ်ျ့လောက်ကို
မှတ်မှတ်ရရနဲ့  မဖြစ်ဖြစ်အောင် ငါ ပို့ ဖြစ်တယ်.............
တခါတလေ
နင် ၀င်မလာဖြစ်တဲ့  အကောင့်လေးမှာ
အချိန်အတိုင်းအတာ တစ်ခုထိ ငါ စောင့် ဖြစ်တယ်...........
တခါတလေ
နင် အမှတ်မထားတဲ့  အမှတ်တရနေ့တွေကို
စိတ်မဆိုးပဲ ငါ နားလည်ပေးဖြစ်တယ်...........
တခုတော့ ရှိတယ်ချစ်သူ...........
လူတစ်ယောက်ရဲ့ ခံနိုင်ရည်ကို မစမ်းသပ်ကောင်းဘူးတဲ့ 
နင်မေ့နေမှာစိုးလို့ ပါ............
Nan

0 comments:
Post a Comment