တကယ်ချစ်တဲ့  မိန်းကလေးက
ပိုက်ဆံ မမက်ဘူး.......
ကိုယ်တကယ်ချစ်မိရင်တော့  ဘယ်လိုအခြေအနေဖြစ်ဖြစ် လိုက်ရဲတယ်
ဒါပေမဲ့  တသက်လုံး ချစ်ပါ့ မယ်ဆိုတာလေးတော့ 
ကတိပေးသင့် တာပေါ့ နော်.............
တကယ်ချစ်တဲ့  မိန်းကလေးက
မာန်မာနတွေ မရှိဘူး....
ကိုယ်တကယ်ချစ်မိရင်တော့  အနွံတာ ခံဖို့ အသင့်ရှိကျတာပါပဲ
ဒါပေမဲ့  နိုင်ထက်စီးနည်းမလုပ်ပါဘူးဆိုတာလေးတော့ 
ကတိပေးသင့်တာပေါ့ နော်.....
တကယ်ချစ်တဲ့  မိန်းကလေးက
အတ္တတွေ မရှိဘူး......
ကိုယ်တကယ်ချစ်မိရင်တော့  ပျော်ပါစေဆိုတဲ့ စိတ်နဲ့ သည်းခံကျတာပါပဲ
ဒါပေမဲ့  ခွင့်လွှတ်တိုင်း မလိမ်ညာမိဖို့ လေးတော့ 
ကတိပေးသင့်တာပေါ့ နော်............
တကယ်ချစ်တဲ့  မိန်းကလေးက
အပျော်အပျက် စိတ်တွေ မရှိဘူး
ကိုယ် တကယ်ချစ်မိရင်တော့  ပေးဆပ်ချစ်ကျတာပါပဲ
ဒါပေမဲ့  ယုံကြည်မူ့တွေကို အလွဲသုံးစားမလုပ်ပါဘူးဆိုတာလေးတော့ 
ကတိပေးသင့်တာပေါ့ နော်.........
Nan
Sunday, June 16, 2013
ယုံကြည်မူ့ 
8:30 AM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment