Wednesday, June 26, 2013

မခွဲဘူးနော်ဆိုတဲ့ ကတိစကားနဲ့ 

နင်ရှိနေတယ်ဆိုတဲ့  အသိစိတ်နဲ့ 
မနက်ဖြန်ကို ငါ မျှော်လင့်တာပါ..........


တမိုးအောက်မှာပဲဆိုတဲ့  စိတ်ကူးနဲ့ 
အနာဂတ်ကို ငါရည်ရွယ်ခဲ့ တာပါ...........

မခွဲဘူးနော်ဆိုတဲ့  ကတိစကားနဲ့ 
အရာအားလုံးကို ငါလစ်လျူရှု့ထားခဲ့ တာပါ.......

ငါတို့ ဘယ်လောက် ရန်ဖြစ်ဖြစ်
ငါတို့  ဘယ်ချိန်ထိ စကားမပြောပဲနေနေ
ငါတို့ တကယ်မှ
တစ်ယောက် ကိုတစ်ယောက်လက်မလွှတ်နိုင်ကျတာလေ

တခါတလေ
နင့် အပေါ်မှာ ငါမှားလည်း နင်ခွင့်လွှတ်ပေးရမယ်
ငါ့အပေါ်မှာ နင်မှားလည်း ငါ နားလည်ပေးမယ်လေ

တစ်ကယ်တော့ 
စိတ်ကူးရယ် လက်တွေ့ရယ်....
ထပ်တူကျဖို့ ဆိုရင်
ချစ်သူရေ
ဘယ်ချိန်ဘယ်နေရာရောက်ရောက် ငါတို့  သစ္စာရှိရှိနဲ့နေဖို့ လိုမယ်မဟုတ်လား....Nan





0 comments:

Post a Comment