Thursday, May 30, 2013

နင်အလုပ်ရှုပ်နေတဲအခါတိုင်း

နင်အလုပ်ရှုပ်နေတဲ့ အခါတိုင်း
ငါရှုပ်နေတုန်းက နင်လည်းစောင့်နေခဲ့ ဖူးတယ်လို့ ငါတွေးတယ်...........

နင် အချိန်မရလို့  မက်ဆေခ်ျ့ မပြန်နိုင်တဲ့ အခါတိုင်း
ငါ မအားရင်လည်း မပို့ နိုင်ခဲ့ တာကို သတိရတယ်............

နင်ငါ့ကို တကယ်ဂရုစိုက်ရဲ့လားလို့ သံသယ၀င်မိတိုင်း
ငါ နင့်အပေါ် နွေးထွေးမူ့ပျက်ကွက်ခဲ့ တဲ့ နေ့တွေကိုလည်း အားနာမိပါတယ်...............

နင်ငါ့ကို စိတ်ဆိုး စိတ်ကောက်တိုင်း မကျေမနပ်ပုံစံလေးလုပ်တက်သလို
ငါ ဒေါသထွက်ခဲ့ ရင်လည်း ပြန်ပြောခဲ့ ဖူးတာကို မြင်ယောင်မိပါတယ်........

ငါမျှော်လင့်သလို မဖြစ်လာတဲ့ အခါတိုင်း
နင်ငါ့အပေါ် ကောင်းခဲ့ တာလေးတွေကို မျှော်ကြည့်ရင်း
နင်ငါ့အပေါ် ဂရုစိုက်ခဲ့ တာလေးတွေကို သတိရရင်း
နင်ငါ့အပေါ် သိပ်ချစ်တာကို နားလည်ရင်း
ငါ တွေးတွေးပြီးဖြည်(ဖြေ)တယ်.................

ဒီတော့ 
စိတ်သွားတိုင်း
ကိုယ်မပါနိုင်တော့  တဲ့ အခါ................
သတိရတိုင်း နင့်အနားရောက်လာနိုင်ဖို့ 
ငါ လွမ်းတဲ့ စိတ်ကို ဒီတညတော့  လွှတ်ထားခွင့် ပြုပါ..........
Nan

စိတ်တူကိုယ်တူဖြစ်ဖို့ 

နားလည်ပေးနိုင်မူ့မရှိတဲ့  အချစ်မှာ
စားပြီးပြီးလားမေးရင်တောင်
ဒီချိန်ကြီးမေးရလားလို့  ပြန်ဖြေတက်တာမျိုးမဟုတ်လား.............

သဘောထားချင်းတိုက်ဆိုင်ဖို့ ဆိုတာ
သည်းခံတက်တဲ့  စိတ်ကလေးတော့  မွေးမြူထားနိုင်ရမယ်.....

စိတ်တူကိုယ်တူဖြစ်ဖို့ ဆိုတာ...
သူ့စိတ်ထဲကိုလည်း ခဏလောက် ၀င်နားလည်ပေးနိုင်မှ ရမယ်.....

အမြဲတမ်း ချစ်နိုင်ဖို့ အတွက်ဆိုတာ...
စိတ်ဆိုး တိုင်း လမ်းခွဲစကားမပြောမိဖို့ လိုတယ်............

တကယ်တော့ 
လူတစ်ယောက်ကို ချစ်မိလိုက်လို့ 
ကိုယ်ကိုကံဆိုးစေတဲ့  အချစ်ဆိုတာမရှိပါဘူး....
ကိုယ်ချစ်မြတ်နိုးတဲ့ သူနဲ့  ကိုယ်ခံစားရတာတွေ
တိုက်ရိုက်အချိုးမကျတဲ့ အခါ
ငါကံမကောင်းတဲ့ အချစ်နဲ့ တွေ့တယ်ဆိုပြီး
လွယ်လွယ်အပြစ်တင်မိတက်ကျတဲ့  သဘောပါ



Nan

Wednesday, May 29, 2013

တခါတလေ

တခါတခါ
အားကျမိတက်တာကလွဲရင်.......

တခါတခါ
တစ်ယောက်တည်းဖြစ်နေတက်တာကလွဲရင်...........

တခါတခါ
ဝမ်းနည်းနေတိုင်း ဘေးမှာ ဘယ်သူမှ ရှိမနေတာကလွဲရင်......

တခါတခါ
ရည်ရွယ်ရာမဲ့ သီးချင်းလေး တိုင်ပင်လိုက်နေတာကလွဲရင်.....

တခါတခါ
မစွံသေးဘူးလားလို့  စနောက်ခံရတာကလွဲရင်......

အပူမရှာချင်လို့ ပါဆိုတဲ့ သဘောနဲ့ 
ပြုံးပြုံးလေး(ရီ)ရယ်ပြဖြစ်တယ်....

နေနိုင်ရင်တော့ 
တခါတခါကလွဲရင်
Single ဘ၀လေးက ပိုအေးချမ်းပါတယ်.
Nan

ဟန်ဆောင်ခြင်းတွေကို

ကျင့် သားရနေတယ်လို့ တော့  လည်း ဘယ်ဟုတ်ပါ့ မလဲ
တခါတလေ
နင်လစ်လျူရှု့ခဲ့ တဲ့ နေ့ရက်တွေမှာ
မဆိုင်သလို ခံစားချက်လေးနဲ့  မနက်ခင်းတိုင်းကို
မော်နင်းလို့  နှုတ်ဆက်ခွင့် မရတာလည်း ကြာပြီလေ...................

ပြက်သားနိုင်လို့ တော့  လည်း ဘယ်ဟုတ်ပါ့ မလဲ
တခါတလေ
ငါမျှော်လင့်သလို ဖြစ်မလာတဲ့ အခါ
ဖြစ်သင့်တာလောက်လေးနဲ့  ကျေနပ်ရောင့်ရဲတက်ဖို့ 
ဟန်ဆောင်ခြင်းတွေကို ငါတမင်လုပ်ယူခဲ့ လိုက်ရတယ်
နေနိုင်လွန်းတယ်လို့နင်ပြောဖူးတာလည်း အကြိမ်ပေါင်းများပြီလေ........

ဟိုးအရင်က
မနက်ဆို
နင်ပြောတဲ့  မော်နင်းဆိုတဲ့  စကားက ငါ့အတွက် အားအင်တစ်ခုပါ
နေ့လည်ဆို
နေကောင်းရဲ့လားမေးတဲ့  နင်ဂရုစိုက်မူ့တွေက ငါ့အတွက် နွေးထွေးခြင်းတစ်ခုပါ
ညဖက်ဆို
ဂွတ်နိုက်လို့ ပြောတဲ့  နင့်စကားသံလေးက ငါ့ပင်ပန်းနွမ်းနယ်မူ့အတွက် အိုအေစစ်တစ်ခုပါ...................

ခုတော့ 
အချစ်ဆိုတာကို ခေါင်းစဉ်တပ်ပြီး
သူစိမ်းလိုနေဖြစ်ကျတဲ့  ငါ့တို့  အဖြစ်ကိုတွေးပြီး
ငါ အရမ်းဝမ်းနည်းနေရပြီဟာ.......
 
Nan

နင်စိတ်ချမ်းသာဖို့ 


နင်ပျော်နေရင်
ငါကျေနပ်မိတယ်...........

နင်စိတ်ချမ်းသာရင်
ငါကြည်နူးမိတယ်...........

နင်အလုပ်ရှုပ်နေရင်
ငါတိတ်တိတ်ကလေးနေပေးမိတယ်...........

နင်ဒေါသထွက်နေရင်
ငါ့ကြောင့် လားလို့  ၀မ်းနည်းနေမိတယ်..........

နင်နေမကောင်းဖြစ်နေရင်
ငါ စိုးရိမ်နေမိတယ်....

အချစ်မှာ ကန့် သက်ချက်တွေမရှိဘူးလို့ တော့  ငါကြားဖူးပါတယ်....
ဒါပေမဲ့ 
ငါ့ကြောင့်  နင် မပျော်မရွှင်ဖြစ်နေမှာ
ငါ့ကြောင့်  နင် ၀မ်းနည်းနေရမှာ
ငါ့ကြောင့်  နင်စိတ်ကျဉ်းကြပ်နေရမှာ
ငါ့ကြောင့်  နင့်သူငယ်ချင်းတွေကြားမှာ မျက်နှာငယ်ရမှာ
ငါ့ကြောင့်  နင်စိတ်ဆိုးသွားမှာ ကို ငါအရမ်းကြောက်မိတယ်....

နင့်ကြောင့်  ငါဘယ်လောက်ခံစားရပါစေချစ်သူရယ်
ငါ့ကြောင့်  နင်မျက်ရည် မကျရင်ပဲ
ငါဆိုတဲ့ သူက ကျေနပ်နေမိတဲ့ သူတစ်ယောက်ပါ...............

Nan

ကိုယ်လျှောက်တဲ့လမ်းမှန်ကန်ပါစေ


သင့် ရည်မှန်းချက် ပန်းတိုင်အတွက် ကြိုးစားနေချိန်တွင်
အမှား တစ်ခုခု (သို့ မဟုတ်)
အခက်ခဲ တစ်ခုခု နှင့် ကြုံရသည်ဖြစ်စေ၊
နှောက်နှေး မှုများ နှင့် ရင်ဆိုင်ရသည် ဖြစ်စေ၊
သင်အရှုံး မပေးပါလျှင်၊ သင် မရှုံးသေးပါ...။

သင်သည် လမ်းလျှောက်နေသူ ဖြစ်သည့်အတွက်
ခလုတ်တိုက်မည်ကို စိတ်မပူသင့်ပါ...။

ကိုယ်လျှောက်တဲ့လမ်း မှန်ကန်ပါလျှင်
ဆရာသမား တစ်ဦး၏ အားပေးသံကို အဖော်ပြုပါ...။
မနာလိုသူ ဆယ်ဦး၏ ကဲ့ရဲ့ သံကို လျစ်လျှုရှုပါ....။

သင်မှာ အချိန် မရှိပါဘူး...။
အချိန်မလောက်တော့ပါဘူး လို့ မပြောလိုက်ပါနဲ့ ...။
လူသားအားလုံး ၂၄ နာရီကို တန်းတူညီတူ ပိုင်ဆိုင်ခွင့်ရထားတာပါ...။


ကျွန်မ အနှစ်သက်ဆုံး ဆောင်ပုဒ်လေးတစ်ခုကတော့
(တကယ် ဖြစ်ချင် တကယ်လုပ် အဟုတ် ဖြစ်ရမည်။)
Nan


ရန်ပွဲတပွဲကို

တစ်ခါတလေမှာ
အပြုံးလေး တစ်ခုဖြင့်
ခင်မင်ရင်နှီးမှု ကို စတင်နိုင်တယ်...။

တောင်းပန်ပါတယ် ဆိုတဲ့
စကားလုံးလေး တစ်လုံးဖြင့်လည်း
ရန်ပွဲ တစ်ပွဲကို အဆုံးသတ်နိုင်တယ်...။

အကြည့်ချင်း ဆုံလိုက်တဲ့ ခဏတာလေးမှာ
အချစ် တစ်ခုကို သိမ်းထားနိုင်တယ်...။

လူတစ်ယောက် ရဲ့ 
ဆုံးဖြတ်ချက် သေးသေးလေးတစ်ခုကြောင့်လည်း
သင့်ဘဝကို ပြောင်းလဲသွားနိုင်တယ်.....
Nan
 

Tuesday, May 28, 2013

မနက်ဖြန်တိုင်းကို

မရှိမဖြစ်ဆိုတဲ့  စကားလုံးတွေထက်
နင့်ကို ငါ ပိုလိုအပ်တယ်................

ရိုးမြေကျဆိုတဲ့  သစ္စာစကားတွေထက်
နင့်ကို ငါ ပို တန်ဖိုးထားတယ်.............

ထာဝရဆိုတဲ့  အသုံးအနှုန်းတွေထက်
နင့်ကို ငါ ချစ်တယ်................

ဘယ်သူတွေ ဘာပြောပြော
နင့်နားမှာ
အမြဲရပ်တည်ချင်တဲ့ စိတ်ကလေးနဲ့ 
မနက်ဖြန်တိုင်းကို ငါ ရှင်သန်နေဖြစ်ခဲ့ တာပါ ချစ်သူ..................

ဒီနေ့က
မနက်ဖြန် အတွက် နင့်ကိုလွမ်းဖို့  ခြေလှမ်းအစဆိုရင်
သဘက်ခါအတွက် ငါကြိုပြေးပြီးလွမ်းထားပါရစေချစ်သူ........
ငါ နင်နဲ့ မြန်မြန် ဆုံတွေ့ချင်ပြီလေ.............
Nan

Monday, May 27, 2013

ဆုတောင်းခွင့်ပြုပါချစ်သူ

ခွဲခွာဖို့ အတွက်
ဆုံဆည်းခဲ့ ကျတာ မဟုတ်ဘူးဆိုရင်
ဘယ်အခြေအနေဖြစ်ဖြစ် နင့်နဲ့  ဆုံဆည်းခွင့် ရပါစေလို့ 
ငါ့ကို ဆုတောင်းခွင့် ပြုပါ ချစ်သူ............

မတွေ့ချင်ရင်
မျက်နှာလွဲလိုက်လို့ ဖြစ်တယ်.....

မကြားချင်ရင်
နားမထောင်လို့ ဖြစ်တယ်......

မပတ်သက်ချင်ရင်လည်း
သူစိမ်းတွေလို့ နေလိုက်လို့ ရတယ်..........

ဒါပေမဲ့ 
မလွမ်းပဲနေတက်ဖို့ အတွက်
ငါ နင့်ကို သတိမရပဲနေလို့ မရဘူးဟာ........

ဟုတ်တယ်
တိုက်ဆိုင်မူ့ရှိရင်ခွင့်လွှတ်ပါနော်....
ပြင်းပြသော သတိရခြင်းမျိုးနဲ့ 
ငါဒီနေ့နင့်ကို သိပ်လွမ်းတယ်............
Nan

ငါတို့ နှစ်ယောက်ကြားမှာ


နားလည်မှု့ လေပါ

ငါတို့ နှစ်ယောက်ကြားမှာ......

အယူအဆတွေတူညီဖို့ မလိုဘူ...........................

နာလည်မှု့ ပေးနိုင်ဖို့ ပဲလိုတယ်..............

ငါတို့ နှစ်ယောက်ကြားမှာ.........
သွေးခွဲစကားတွေမလိုဘူး
ယုံကြည်မှုပေးနိုင်ဖို့ ပဲလိုတယ်.......

ငါတို့ နှစ်ယောက်ကြားမှာ............
အသိုင်းအဝိုင်းတွေမလိုဘူး
နွေးထွေးစွာချစ်နိုင်ဖို့ ပဲလိုတယ်........

ငါတို့ နှစ်ယောက်ကြားမှာ
အများကြီးမလိုအပ်ပါဘူး
တယောက်နဲ့တယောက်သစ္စာရှိရှိ ချစ်နေဖို့ ပဲ
လိုအပ်တယ်မလား..........

ငါတို့ နားလည်ထားတဲ့ ချစ်ခြင်းဆိုတာ
ရယူခြင်းမဟုတ်သလို
ပေးဆပ်ခြင်းလည်းမဟုတ်ဘူးလေ

Nan

Sunday, May 26, 2013

နင်နဲ့ ပတ်သက်ရင်

သူအဆင်ပြေပါစေ ဆုတောင်းပေးဖြစ်ပေမဲ့ 
ကိုယ်အဆင်မပြေတဲ့ နေ့ရက်တွေကိုတော့  မသိသလို ကျော်ဖြတ်ခဲ့ ဖူးတယ်......

သူကျေနပ်ရင် စိတ်ကြိုက်လုပ်ခွင့် ပေးထားပေမဲ့ 
မနေတက်တဲ့ ကိုယ်အတွက်တော့  သူပြောထားသမျှ လိုက်နာနေမိတယ်............

သူပျော်နေတာမြင်တော့ 
ကိုယ်စိတ်ဆင်းရဲတာတွေကို မပြောဖြစ်ခဲ့ ပြန်ဘူး...........

ကိုယ်စိတ်ဆိုးချင်တာထက်
သူစိတ်ကောက်သွားမှာကို စိုးရိမ်ပိုခဲ့ တယ်.............

သူနေတက်ပေမဲ့ 
ကိုယ်မနေနိုင်ပြန်တော့  အကောင့်လေးဖွင့် ပြီး စောင့်နေမိဆဲ..........

နင်နဲ့ ပတ်သက်ရင်
စိတ်မခိုင်လွန်းတဲ့  ငါ့ကိုယ်ငါ ကို သိပ်မုန်းတယ်......

နင်အကြောင်းတွေးမိရင်
မျက်ရည်လွယ်တဲ့  ငါစိတ်ကိုလည်း ငါ မုန်းတယ်.....

နင့်နဲ့ ဝေးနိုင်လားလို့  ကိုယ်ကိုကိုယ်ပြန်မေးတိုင်း
ဟင့်အင့် လို့ ပြန်ဖြေတဲ့  ငါ့ နှလုံးသားကိုလည်း ငါ အရမ်းသနားတယ်.....

နေတက်သလို နင်နေနိုင်ပါတယ် ချစ်သူရယ်
မနေနိုင်တဲ့  ငါ့အတွက်တော့ 
မက်ဆေခ်ျ့လေးတစ်ကြောင်းဖြစ်ဖြစ် ပို့ ပေးစေချင်တယ်................


Nan

ငါလွမ်းပါရစေချစ်သူ

  • တိုက်ဆိုင်မူ့ရှိရှိ မရှိရှိ
    သတိရတိုင်းတော့ 
    ငါလွမ်းပါရစေချစ်သူ...............

    နီးစပ်မူ့ရှိရှိ မရှိရှိ
    စိတ်မချတဲ့  အချိန်တိုင်းတော့ 
    ငါ စိုးရိမ်ပူပန်ပါရစေ ချစ်သူ.............

    နင်လွမ်းလွမ်း မလွမ်းလွမ်း
    တွေ့ခွင့်ရှိတဲ့ နေရာတစ်ခုမှာ
    ငါ စောင့်နေတယ်ဆိုတာ သတိပြုပါချစ်သူ...........

    နင်နေနိုင်ပေမဲ့ 
    ငါ မနေနိုင်ပဲ သတိရနေတဲ့ အခါ..............
    နင်မတွေ့ချင်ပေမဲ့ 
    ငါစောင့်နေဖြစ်တဲ့  အခြေအနေတစ်ခုမှာ......
    နင့်ကို သိပ်ချစ်လွန်းတဲ့ 
    ငါရှိနေသေးတဲ့ ဆိုတာ နင်သိနေရင်ပဲ
    ကျေနပ်ပါပြီ........

    တကယ်တော့ 
    ပိုချစ်တဲ့ သူက ရှုံးတာမဟုတ်ပါဘူးဟာ
    ပိုချစ်တဲ့ သူက ပိုခံစားရတာပါ
    Nan

အနည်းဆုံးတော့


သိပ်ချစ်ကျတဲ့ ချစ်သူနှစ်ဦး......
စိတ်အခန့် မသင့်လို့  ရန်ဖြစ်ကျတဲ့ အချိန်တိုင်း...
ဘယ်သူကမှ နေနိုင်တယ်ဆိုတာ မရှိပါဘူး....
ဘယ်ဖက်ကမှ မခံစားရဘူးဆိုတာလည်းမရှိပါဘူး....
အနည်းဆုံးတော့ 
စကားမပြောဖြစ်ပဲ တိတ်တိတ်ကလေး ကိုယ်လုပ်စရာရှိတာလုပ်ဖြစ်သွားတယ်.......

သိပ်ချစ်ကျတဲ့ ချစ်သူနှစ်ဦး
မခေါ်မပြောပဲနေဖြစ်သွားတဲ့ အချိန်တိုင်း
ဘယ်သူကမှ မလွမ်းပဲနေနိုင်တယ်ဆိုတာ မရှိပါဘူး
ပျော်ရွှင်သွားတဲ့ သူဆိုတာလည်း မရှိပါဘူး
အနည်းဆုံးတော့ 
အဲ့နေ့ရက်တွေမှာ ဘယ်အရာကိုမှ စိတ်ဝင်တစားမရှိနိုင်တော့ တာပေါ့............

သိပ်ချစ်ကျတဲ့ ချစ်သူနှစ်ဦး
ရန်ဖြစ် စိတ်ဆိုးတာ သိပ်ကြီးကျယ်တဲ့  ကိစ္စတစ်ခုမဟုတ်ပါဘူး
မခေါ်မပြောပဲ နေဖြစ်တယ်ဆိုတာလည်း ပုံမှန်အခြေအနေတစ်ခုပါ.....
ဒါပေမဲ့ 
ရက်တွေကြာသွားရင်
အေးစက်သလို ခံစားရတယ်.....
ပြစ်ထားတာကြာသွားရင်
သူစိမ်းတွေလို့ ဖြစ်သွားတက်တယ်ဆိုတာ........။

ရန်ဖြစ်ပြီးပိုချစ်တာကို မလိုချင်ဘူးဟာ.....
ငါက ရန်မဖြစ်ပဲ ပိုပိုချစ်ချင်တာ............

Saturday, May 25, 2013

လွတ်လွတ်လပ်လပ်ကလေးပဲခံစားလိုက်ပါ

ဘ၀မှာ တခါတလေလောက်များ
ဝမ်းနည်းကြေကွဲစရာအဖြစ်အပျက်တွေ ကြုံလာခဲ့ ရင်
အံတင်းတင်းကျိတ်ပြီးတော့ 
ခံစားချက်တွေကို ခံနိုင်ရည်တစ်ခုနဲ့  ကာဗာမလုပ်မိပါစေနဲ့ .......

လွတ်လွတ်လပ်လပ်ကလေးပဲ ခံစားလိုက်ပါ...
မျက်ရည်ကျမိမယ်ဆိုရင်လည်း ကြည်ကြည်သာသာကလေးပဲ ခွင့်ပြုလိုက်ပါ...
ဖြေရှင်းရမယ်ဆိုရင်လည်း ရင်ဆိုင်နိုင်ရဲတဲ့ စိတ်ကိုပဲ မွေးမြူပါ.....

ဝမ်းနည်းစရာဆိုရင်လည်း တာရှည်မခံသလို
ပျော်ရွှင်စရာဆိုတာကလည်း အမြဲမရှိနိုင်ဘူးလေ
ပြီးရင်တော့ 
အရာအားလုံး တည်ငြိမ်သွားပါလိမ့် မယ်...

Nan

အထီးကျန်လွန်းတဲ့ နေ့ 

နေနိုင်လွန်းတယ်လို့  ဘယ်သူပြောလဲ
တခါတလေ
တစ်ယောက်တည်း
အထီးကျန်လွန်းတဲ့ နေ့တွေ များခဲ့ ဖူးပါတယ်...........

ခံစားချက်မရှိဘူးလို့  ဘယ်သူပြောလဲ
တခါတလေ
လူမသိအောင် ငိုခဲ့ ရတဲ့ ရက်တွေရှိပါတယ်.............

နားလည်မပေးနိုင်ဘူးလို့ ရော ဘယ်သူပြောလဲ
တခါတလေ
ခွင့်လွှတ်ခြင်းနဲ့ လည်း သင်ပုန်းချေ ခဲ့ ဖူးပါတယ်............

လောဘကြီးလွန်းတယ်လို့  ဘယ်သူပြောလဲ
တခါတလေ
နင့်အတွက်ဆို ငါအရာရာ စွန့် လွှတ်ခဲ့ ဖူးပါတယ်

အချစ်နဲ့ ပတ်သက်လို့ 
လိုက်လျောနိုင်စွမ်းကြီးခဲ့ တာတောင်မှ
အတ္တကြီးတယ်လို့  ပြောခံရသေးတယ်.............

သနားစရာပဲနော်လို့ တော့  ဘယ်သူမှမပြောခဲ့ ကျချိန်မှာ
ဟန်ဆောင်ခြင်းနဲ့ ပဲ
ငါမျက်ကွယ်ပြုပါရစေတော့ ချစ်သူရယ်.........
 
Nan

Friday, May 24, 2013

ကျေနပ်ပါတယ်ချစ်သူ

ခံနိုင်ရည်ဆိုတာ
တခါတခါ ကိုယ်တိုင်မွေးမြူမှရတာပါ......

ဟန်ဆောင်တက်တယ်ဆိုတာ
စိတ်ထဲတကယ်ပါမှ ဖြစ်တာပါ.....

ပေးဆပ်နိုင်တယ်ဆိုတာကလည်း
ကြည်ဖြူမှ လည်း ဖြစ်တာပါ....

ကိုယ်တိုင်ယုံကြည်နေသေးသရွေ့
အရာရာ ကို ရှေ့ဆက်ခွင့်လေးရှိသေးတယ်......

မျှော်လင့်ချက်တွေ ရှိသေးသရွေ့လည်း
ချစ်နေခွင့်လေး ရှိသေးတယ်....

အဓိက က ငါခံစားချက်လေးတွေကို နင်သိနေရင်ပဲ
ကျေနပ်ပါတယ်ချစ်သူ...........

Nan

Thursday, May 23, 2013

ဆုံးဖြတ်ချက်တိုင်းမှာ

မရနိုင်တာကြီးကို အတင်းမလိုချင်ပါနဲ့ 
အနည်းဆုံး စိတ်ဆင်းရဲရပါတယ်.............

မဖြစ်နိုင်တာကြီးကို အတင်းမတောင်းတပါနဲ့ 
အချိန်ကုန် လူပင်ပန်းဖြစ်ရတက်ပါတယ်...........

ပိုင်ဆိုင်ခွင့်မရှိတာကို အတင်းမတွယ်တာပါနဲ့ 
ဆုံးရှုံးမူ့တန်ဖိုး ပိုကြီးမားတက်ပါတယ်............

မသေချာသေးတဲ့  အရာတစ်ခုအပေါ်မှာ အတင်းသံသယမထားပါနဲ့ 
ဆုံးဖြတ်ချက်တိုင်းမှာ အမှားပါတက်ပါတယ်.............

ပိုဆိုးတာက
ကိုယ်ကိုပြန်မချစ်နိုင်တဲ့ သူကိုလည်း
ရင်ထဲ မသိမ်းထားမိပါစေနဲ့ 
ပိုပြီးနာကျင် ကြေကွဲရတက်ပါတယ်..........
Nan

Wednesday, May 22, 2013

တခါတလေ

ဒီအရောင်လေးနဲ့ ဆိုလိုက်သလားလို့ 
တရေးတယူ နင့်ကို ငါမေးဖူးတယ်....
နင့်ကို ဆုံးဖြတ်ခိုင်းဖို့ မဟုတ်ပါဘူး....
ငါဘာလုပ်လုပ် နင့်ကိုတိုင်ပင်တယ်ဆိုတာ သိစေချင်ယုံလောက်ပါ............

ဒီနေ့လှလားလို့ 
အမှတ်မထင် နင့်ကို ငါမေးဖူးတယ်
အလှအပကိုကြိုက်လွန်လွန်းလို့ မဟုတ်ပါဘူး...
နင့်အတွက် ငါ ပုံတုံးလေးဖြစ်နေမှာ စိုးလို့ ပါ.............

စိတ်ရှုပ်သွားသလားလို့ 
နင်မျက်နှာလေး ညိုးသွားချိန်မှာ ငါ မေးဖူးတယ်..
အလိုက် မသိတက်တာ မဟုတ်ပါဘူး...
ငါ့ကြောင့် နင့်ကို စိတ်ညစ်သွားမှာ စိုးလို့ ပါ............

ဆံပင်ညှပ်လိုက်ရမလားလို့ 
နင့်ကို ငါ စနောက်ဖူးတယ်...
ဒုက္ခများတယ်လို့  အကြောင်းပြချက်ပေးချင်လို့ မဟုတ်ပါဘူး...
မလုပ်ရဘူးနော် ဆိုတဲ့  နင့်တားမြစ်ချက်ကလေးကို ကြားချင်မိလို့ ပါ......

တကယ်ရော ချစ်ရဲ့လားလို့ 
နင့်မျက်နှာကိုကြည့်ပြီးလေးလေးနက်နက်ငါမေးဖူးတယ်..
မယုံကြည်လို့ မဟုတ်ပါဘူး..
နင်နဲ့ ဝေးရမှာကို ငါ တကယ်မလိုလားလို့ ပါ.....

နားလည်မူ့ရှိတယ်ဆိုတဲ့  ချစ်သူစုံတွဲတွေတိုင်းမှာ
တခါတလေ
ကိုယ်စိတ်ဆန္ဒထက် သူ့စိတ်ဆန္ဒကို ဦးစားပေးရတက်တယ်ဆိုတာ
ငါ သိနားလည်ထားပါတယ်....
ဒီတော့  ငါကြိုက်ခြင်းမကြိုက်ခြင်းထက်
ကိုယ်ချစ်မြတ်နိုးတဲ့ သူအတွက် ဆိုရင် ငါဘာလုပ်ပေးရလုပ်ပေးရ အဆင့်သင့်ပဲလေ......
ဒါတွေက သိပ်ချစ်လွန်းတဲ့ သူတွေဆီမှာပဲ
ပေါက်ဖွားတက်တဲ့  ခံစားချက်ကလေးတွေဆိုတာ သိထားပေးပါနော
 

Nan

မင်းလက်ခံနိုင်မယ်ဆိုရင်

ချစ်သူ ငါ နင်ယုံကြည်အောင်စကား

လုံးလှလှလေးတွေလဲမပြောတတ်

ဘူး

ချစ်သူ ငါ နင်နားထောင်လို့ကောင်း

အောင်မုသားတွေနဲ့လဲမညာတတ်

ဘူး

ချစ်သူ ငါ နင်ကြည့်လို့ကောင်းမဲ့ရုပ်

ရည်လဲရှိချင်မှရှိမယ်

ချစ်သူ ငါ မှာနင်ကြိုက်တဲ့ပိုက်ဆံလဲ

မရှိဘူး

ချစ်သူ ငါ မှာဂုဏ်ဓနလဲမရှိဘူး

ချစ်သူ ငါ မှာပကာသနတွေလဲမရှိ

ဘူး

ငါမှာရှိတာဖြူစင်တဲ့အချစ်

အေးမြတဲ့မေတ္တာ

ခိုင်မာတဲ့သစ္စာတွေတော့ရှိတယ်

မင်းလက်ခံနိုင်မယ်ဆိုရင် ငါရင်ခွင်

ဟာမင်းအတွက်သော့မရှိတဲ့တံခါး

တချပ်ပါ ချစ်သူ

ထာဝရပေါ့

နီးစပ်ဖို့ မဖြစ်နိုင်သေးတဲ့အချိန်

အနေဝေးဝေးနေရတဲ့  အချိန်မှာ
အရမ်းလွမ်းတာပဲ ဆိုတဲ့  စကားကို အချိန်တိုင်းပြောနေတာထက်စာရင်
အတူတူနေရအောင် ပြန်လာခဲ့ ဆိုတဲ့  စကားက
ပိုပြီး နားဝင်ချိုတယ်.......................................

နီးစပ်ဖို့ မဖြစ်နိုင်သေးတဲ့  အချိန်မှာ
အမြဲပြောနေကျဖြစ်တဲ့  ချစ်တယ်ဆိုတဲ့ စကားတွေထက်စာရင်
ဘယ်အခြေအနေဖြစ်ဖြစ် မခွဲဘူးနော်ဆိုတဲ့  စကားက ပိုပြီးကြည်နူးစေတယ်...............................

နေ့တိုင်းတွေ့ဖို့ အခက်အခဲလေးတွေ ရှိနေချိန်မှာ
အရမ်းသတိရနေမိတာပဲဆိုတဲ့  စကားလေးတွေ ပြောနေတာထက်စာရင်
အမြဲမတွေ့ရလည်း သစ္စာရှိနေရမယ်ဆိုတဲ့  တိုင်တည်စကားက ပိုရင်ခုန်ဖို့ ကောင်းတယ်................

ဆင်းရဲရဲ
ချမ်းသာသာ
ရုပ်ချောချော
မချောချော
ကိုယ်ကိုတိုင်လည်းမြတ်နိုးတယ်...
ကိုယ့်ကိုလည်း တကယ်ချစ်တယ်.......
ဘယ်အရာတွေကိုပဲလုပ်လုပ်
အမြဲတမ်း စိတ်တူကိုယ်တူဖြစ်တဲ့  ချစ်သူကိုပိုင်ဆိုင်ခွင့်ရတာက ကံကောင်းမူ့တစ်ပါ.............
Nan

နှောင်ဖွဲ့ ခြင်းကင်းတဲ့ ပေးဆပ်ခြင်း

သစ္စာတရားကို သက်သေပြဖို့ 
ချစ်သူနှစ်ဦး ဝေးကွာနေစရာမလိုဘူး...

တိတ်ဆိတ်ခြင်းဆိုတာ
လူနှစ်ယောက်ဝေးကွာနေမှ ဖြစ်ပေါ်တက်တာမှမဟုတ်တာ
တခါတလေ
ကျောခြင်းကပ်ထားရင်တောင် စကားတစ်လုံးမှမပြောဖြစ်တက်ကျဘူးလေ............

အနိုင်ပေးလိုက်နိုင်မူ့ဆိုတာ ကိုယ်တိုင်လိုက်လျောနိုင်စွမ်းရှိမှဖြစ်နိုင်သလို
ပေးဆပ်မူ့ဆိုတာကလည်း ကိုယ်ကြည်ဖြူနိုင်သလောက်လေးသာ
စီးဆင်းခွင့်ရှိတဲ့  အရာလေးတစ်ခုမဟုတ်လား..................

ကိုယ်မြတ်နိုးတဲ့ သူအတွက်
အကောင်းဆုံးဖြစ်စေချင်တဲ့  ဆန္ဒဆိုတာကို သက်သေပြုဖို့ 
စကားလုံး အလှအပတွေ မလိုအပ်ပါဘူး
နှောင်ဖွဲ့ခြင်းကင်းတဲ့  ပေးဆပ်ခြင်းးတွေပေးနိုင်ဖို့ ပဲလိုအပ်တယ်.................

Nan

လူတယောက်အတွက်

အရမ်းချစ်သွားတဲ့  မိန်းကလေးတစ်ယောက်က
သူငယ်ချင်းတွေ ဘယ်လောက်နားချချ နားမ၀င်နိုင်တော့ ဘူး...........


အရမ်းချစ်သွားတဲ့  မိန်းကလေးတစ်ယောက်က
ကိုယ်ချစ်သူကို မကောင်းဘူးပြောလည်း မသိချင်ယောင်ဆောင်နိုင်သွားတယ်..........

အရမ်းချစ်သွားတဲ့  မိန်းကလေးတစ်ယောက်က
ကိုယ်လက်တွဲမဲ့ သူ မပြည့်စုံတာသိလည်း အတူတူရင်ဆိုင်မယ်လို့  ဆုံးဖြတ်ချက်ချနိုင်သွားတယ်.......

အရမ်းချစ်သွားတဲ့  မိန်းကလေးတစ်ယောက်က
ကိုယ်ချစ်သူက ဘယ်လောက်အနိုင်ယူယူ ပြုံးပြုံးလေးနဲ့ 
သည်းခံခွင်လွှတ်နိုင်သွားတယ်.............

အရမ်းချစ်သွားတဲ့  မိန်းကလေးတစ်ယောက်က
ကိုယ်အတွက်ဆိုတာ မေ့ပြီး သူ့အတွက်ဆိုတာကိုပဲ
ဖြည်းဆည်းပေးနေချင်တော့ တာ..................

ပိုဆိုးတာက
အရမ်းချစ်သွားတဲ့  မိန်းကလေးတစ်ယောက်က
သူ့ကိုလွမ်းလိုက်တာဆိုတဲ့  စကားတခွန်းလေးကြောင့် ပဲ မျက်ရည်တွေ ခဏတွင်း ကျနိုင်တက်သွားတာ...................

အရမ်းချစ်တက်တဲ့  မိန်းကလေးတစ်ယောက်ဆိုတာ
ရှိတော့ ရှိတယ် ဒါပေမဲ့  ရှားတယ်
ပိုင်ဆိုင်ထားပြီးရင်တော့  ဆင်းရဲရဲချမ်းသာသာ လက်မလွှတ်နဲ့ တော့ 
ဘ၀မှာတခါပဲဖြစ်ခွင့်ရတဲ့  ကံအကောင်းဆုံးသော အခွင့်အရေးဆိုတာ
လူတစ်ယောက်အတွက် တကြိမ်ပဲရှိချင်ရှိနေနိုင်တာမျိုးမဟုတ်လား....
 
 

Friday, May 17, 2013

မျက်ရည်ဆိုတာ

မျက်ရည်ဆိုတာ...........

တခါတလေတော့ 
ကိုယ်တစ်ယောက်တည်းရှိနေချိန်မှာ အဖော်ပြုတဲ့ အရာတစ်ခုပါ...

မျက်ရည်ကျလို့  ၀မ်းနည်းလွယ်သူလို့ ဆိုဆို
စိတ်ဓါတ်မခိုင်မာဘူးလို့ ပဲ ပြောပြော
တကယ်တော့ 
မျက်ရည်ဆိုတာ............
ခံစားချက်တွေ မျှဝေပေးတဲ့  အရာတစ်ခုဆိုလည်းဟုတ်တယ်.....
ကိုယ်ချစ်မြတ်နိုးတဲ့ သူကို လွမ်းလို့  ဆိုလည်း ညွှန်းလို့ ရတယ်...
ဒါမှမဟုတ်................
ကိုယ်မပျက်နိုင်တဲ့ သူကို သတိရနေမိတာလို့ လည်း ပြောလို့ ရတယ်.....

ငိုပါလို့  ပြောရင်တောင်
အတင်းလုပ်ယူလို့ မရတဲ့  အခြေအနေတစ်ခုမှာ.....
မျက်ရည် ကျနေတဲ့ သူကို မလှောင်ပါနဲ့ 
သူတို့ မှာလည်း သူတို့ ခံစားချက်နဲ့ ပါ........

Thursday, May 16, 2013

မျော်လင့်တယ်ပြောပြော

စိတ်ကူးယဉ်တယ်ပြောပြော
မနက်မိုးလင်းတိုင်း
နင့်မျက်နှာလေးကို ပထမဆုံးမြင်တွေ့ရမဲ့ အချိန်ကို ရောက်ချင်ပြီ.....

လက်တွေ့ဆန်တယ်လို့ ပဲဆိုဆို
နှစ်ယောက်အတူ မျက်နှာခြင်းဆိုင်ပြီး
နင်နဲ့ အတူတူ
ထမင်းတ၀ိုင်းတည်းစားခွင့်ရမဲ့ အချိန်လေးကို ရောက်ချင်ပြီ

မျှော်လင့်တယ်လို့ ပဲပြောပြော
နင်ဟင်းချက်နေရင်
စကျနောက်ကျရင်းနဲ့  ကြက်သွန်ဝိုင်းနွှာပေးတဲ့  ဘ၀လေးကို ရောက်ချင်ပြီ...

လိုချင်တပ်မက်တယ်ပဲ ဆိုဆို
ညနေတိုင်း
နင့်ခါးလေးကိုဖက်ပြီး
လေပြေညှင်းတွေကို ခံစားခွင့်ရှိမဲ့ 
လမ်းအတူတူလျှောက်ခွင့်ရမဲ့  အချိန်လေးကို လည်းရောက်ချင်ပြီ


ငါ့အကြောင်းတွေးလိုက်တာနဲ့ 
နင့်အကြောင်းပါလာတက်တာကိုတွေးပြီး
ငါပြုံးမိတယ်
နင်မရှိရင် ငါဘ၀က မစိုပြေနိုင်တော့ ဘူးဆိုတာတွေးပြီးတော့ ပေါ့ 

အချိန်တော်တော်ကြာ ရှိနေဖြစ်ခဲ့  တဲ့ 
သံယောဇဉ်ကို ဖြတ်တော်ပစ်ဖို့ ဆိုတာ
စိတ်ရော ကိုယ်ပါ အနေကြာကြာ ဝေးဖို့ လိုမယ်ထင်ပါတယ် ကို
ဒါတောင်
တိုက်ဆိုင်မူ့တွေရှိလာလို့ 
သတိရလာခဲ့ ဦးမယ်ဆိုရင်...
လွယ်လွယ်နဲ့  မျက်ရည် မကျတက်ဖို့ 
ကျမ သင်ယူရဦးမယ်လေ............

တဖြည်းဖြည်း ပိုချစ်လာတာနဲ့ 
တဖြည်းဖြည်း ကိုနဲ့ ခွဲရမှာ ကြောက်လာတယ်.....
တဖြည်းဖြည်း ကိုကိုယ် ဆုံးရှုံးမှာ စိုးလာတာနဲ့ 
တဖြည်းဖြည်း ကို ကိုယ် ချုပ်ခြယ်မိတက်လာတယ်............

ပိုင်ဆိုင်မူ့ရဲ့တခြားတဖက်မှာက
မမြင်ရတဲ့  အနာဂတ်အတွက်
ကျမ ကို ဘယ်အခြေအနေဖြစ်ဖြစ် မစွန့် လွှတ်ပါဘူးဆိုတဲ့  ကတိတစ်ခုတော့ ရချင်မိသားလားကို........

နင့် ရဲစကားသံလေ

မော်နင်းလို့ ပြောခွင့်ရတဲ့ 
မနက်ခင်းတိုင်းက ငါ့အတွက် အရာအားလုံးအဆင်ပြေစေတယ်...........

နင့်မျက်နှာ
နင့်အပြုံး
နင့်စကားသံလေးနဲ့ ဖြတ်ကျော်ခွင့်ရတဲ့  တနေ့တာလုံးက
ငါ့အတွက် ကြည်နူးစရာသိပ်ကောင်းတယ်..............

နင်ပျော်ရင်ပြီးတာပဲ ဆိုတဲ့ စိတ်နဲ့ 
ငါ ဆုတောင်းပေးနေမယ်နော်.............

နင်ပျော်ရွှင်ချမ်းမြေ့ပါစေ
အလုပ်အကိုင်တွေလည်းအဆင်ပြေပါစေလို့ ပေါ့ ဟာ

ပေးဆက်နိုင်တဲ့ သူ

တကယ်ချစ်တဲ့ သူတွေဆိုတာ
ကိုယ်ကြိုက်တာ လုပ်ဖို့ ကြိုးစားနေတာထက်
ချစ်သူမကြိုက်တာ ကြိုးစားရှောင်နေဖြစ်ကျတာပါ...........

တကယ်ချစ်တဲ့ သူတွေဆိုတာ
ကိုယ်ဖြစ်ချင်တဲ့  ဆန္ဒတွေထက်
သူဖြစ်ချင်နေတဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်ပေးနေရင်းနဲ့  ကျေနပ်နေကျတဲ့ သူတွေပါ......

တကယ်ချစ်တဲ့ သူတွေဆိုတာ....
ဘယ်လောက်စိတ်ဆိုးဆိုး
ဘယ်ချိန်ရန်ဖြစ်ဖြစ်
လမ်းခွဲဖို့  မကြိုးစားမိတက်ကျတဲ့ သူတွေပါ..............

တကယ်ချစ်တဲ့  သူတွေဆိုတာ...........
သူ့ကြောင့်  ကိုယ်ဝမ်းနည်းရတာထက်
ကိုယ်ကြောင့်  သူစိတ်ဆိုးသွားမလား စိုးရိမ်နေရတဲ့ သူတွေပါ...........

တကယ်ချစ်တဲ့  သူတွေဆိုတာ.......
ကိုယ်ချစ်မြတ်နိုးတဲ့ သူအတွက်
အရာအားလုံး ပေးဆပ်နိုင်တဲ့ သူတွေ မဟုတ်လား..............

Wednesday, May 15, 2013

ထားရစ်ခဲ့ သူ

ထားရစ်ခဲ့သူ လမ်းခွဲခဲ့သူကတော့

သာသာယာယာလေးပေါ့

ကျန်နေခဲ့ရသူ ထားရစ်ခံခဲ့ရသူမှာတော့

ဘာကြောင့်လည်း ဆိုတဲ့ အတွေးတွေနဲ့

ခြာခြာလည်လို့ပေါ့.........။ ။



ကိုယ့်မျက်ရည်ရဲ့တန်ဖိုးကို မသိတဲ့သူရှေ့မှာ
ဘယ်တော့မှမငိုမိပါစေနဲ့

ကိုယ်တစ်ကယ်မချစ်တဲ့သူအတွက်
မျက်ရည်ဆိုတာ မကျပါဘူး

ဒါပေမယ့်

ကိုယ့်အချစ်ကို နားမလည်တဲ့သူအတွက်တော့
ကိုယ့်မျက်ရည်ကို မာယာလို့မြင်ပါလိမ့်မယ်

ဒါ့ကြောင့် သူငယ်ချင်း

အရာရာကို

ချစ်သူ...........အရာရာကို......စွန့်လွှတ်နိုင်တယ်
( မင်းကလွဲရင်ပေါ့ )

ချစ်သူ........အရာရာကိုမေ့ပြစ်နိုင်တယ်
( မင်းကလွဲရင်ပေါ့ )

ချစ်သူ........အရာရာ.......ဂရုမစိုက်ချင်ဘူး
( မင်းကလွဲရင်ပေါ့ )

ချစ်သူ.....အရာရာကို......တန်းဘိုးမထားခဲ့ဘူး
( မင်းကလွဲရင်ပေါ့ )

ချစ်သူ......အရာရာကို.......ဘာမှမလိုအပ်တော့ဘူး
( မင်းကလွဲရင်ပေါ့ )

Friday, May 10, 2013

ဆူးခင်းလမ်း

ပန်းခင်းလမ်းကိုလျောက်ရတာလွယ်ပါ
တယ်
ခက်ခဲတဲ့ဆူးခင်းလမ်းကိုသာလူတွေလျောက်ရမှာကြောက်ကြတယ်

အဆင်သင့်ဆိုတာတွေက လွယ်ပါတယ်
ကိုယ့်အားကိုယ်ကိုးရမှာကိုသာ လူတွေကြောက်ကြတယ်

လေဟုန်စီးရတာလွယ်ပါတယ်
လေဆန်ကို ပျံတက်ရတာသာခက်တယ်
------------------------

သူငယ်ချင်း



ကိုယ့်မျက်ရည်ရဲ့တန်ဖိုးကို မသိတဲ့သူရှေ့မှာ
ဘယ်တော့မှမငိုမိပါစေနဲ့

ကိုယ်တစ်ကယ်မချစ်တဲ့သူအတွက်
မျက်ရည်ဆိုတာ မကျပါဘူး

ဒါပေမယ့်

ကိုယ့်အချစ်ကို နားမလည်တဲ့သူအတွက်တော့
ကိုယ့်မျက်ရည်ကို မာယာလို့မြင်ပါလိမ့်မယ်

ဒါ့ကြောင့် သူငယ်ချင်း

တကယ်ပါ

............တကယ်ပါ................

မျှော်လင့်ချက်တွေဖြစ်မလာတောင်
ပျော်ပျော်နေနိုင်တာကိုမှ ခံနိုင်ရည်ရှိတယ်လို့ ပြောရင်
တကယ်ပဲ ရင့်ကျက်နေခဲ့ ပြီထင်ပါရဲ့......


တကယ်ပါချစ်သူ...
အနားမှာ နင်မရှိနေသေးတာ တစ်ခုကလွဲရင်
တွေ့ချင်တိုင်း တွေ့ခွင့် မသာသေးတာတစ်ခုကလွဲရင်.........
လွမ်းချင်တိုင်းလွမ်းနေတာကို ပြောခွင့် မရှိသေးတာတစ်ခုကလွဲရင်...........
နင်မရှိသေးတဲ့ ငါ့ဘ၀ဆိုတာ ခြောက်သွေ့သွေ့နိုင်လွန်းပါတယ်.......

မလွမ်းချင်တော့ ဘူးလို့  ခပ်တိုးတိုးလေးဆိုပြီးတော့ 
နင့်အကြောင်းကို တနေကုန် ထိုင်တွေးနေမိတယ်......

ဘယ်ချိန် ငါ့တို့  ပြန်ဆုံစည်းမှာလဲဆိုတဲ့  မေးခွန်းတွေကို မသိချင်ပဲနဲ့ 
ငါကိုယ်တိုင်ပဲ အဖြေရှာနေမိပြန်တယ်.....

တခါတလေ ဘ၀က ထင်သလောက် မဆိုးဘူးဆိုပေမဲ့ 
အဲ့ဒီ အလွမ်းနာကျတဲ့ ခံစားချက်တွေကို ငါ ခပ်မြန်မြန် အဆုံးသတ်ချင်ပြီလေ
............တကယ်ပါ................

မျှော်လင့်ချက်တွေဖြစ်မလာတောင်
ပျော်ပျော်နေနိုင်တာကိုမှ ခံနိုင်ရည်ရှိတယ်လို့ ပြောရင်
တကယ်ပဲ ရင့်ကျက်နေခဲ့ ပြီထင်ပါရဲ့......


တကယ်ပါချစ်သူ...
အနားမှာ နင်မရှိနေသေးတာ တစ်ခုကလွဲရင်
တွေ့ချင်တိုင်း တွေ့ခွင့် မသာသေးတာတစ်ခုကလွဲရင်.........
လွမ်းချင်တိုင်းလွမ်းနေတာကို ပြောခွင့် မရှိသေးတာတစ်ခုကလွဲရင်...........
နင်မရှိသေးတဲ့ ငါ့ဘ၀ဆိုတာ ခြောက်သွေ့သွေ့နိုင်လွန်းပါတယ်.......

မလွမ်းချင်တော့ ဘူးလို့  ခပ်တိုးတိုးလေးဆိုပြီးတော့ 
နင့်အကြောင်းကို တနေကုန် ထိုင်တွေးနေမိတယ်......

ဘယ်ချိန် ငါ့တို့  ပြန်ဆုံစည်းမှာလဲဆိုတဲ့  မေးခွန်းတွေကို မသိချင်ပဲနဲ့ 
ငါကိုယ်တိုင်ပဲ အဖြေရှာနေမိပြန်တယ်.....

တခါတလေ ဘ၀က ထင်သလောက် မဆိုးဘူးဆိုပေမဲ့ 
အဲ့ဒီ အလွမ်းနာကျတဲ့ ခံစားချက်တွေကို ငါ ခပ်မြန်မြန် အဆုံးသတ်ချင်ပြီလေ

ဒီလိုညတိုင်း

ညမျာ:ရယ်
အလွမ်:မျာ:နဲ့ဒို့တယောက်ထဲ
နင်မရှိတော့
ဘယ်လိုသာယာနိုင်ဦ:မလဲ။
ဒီလိုညတိုင်:ဘဲ
အလွမ်:မျာ:နဲ့ဘယ်သူသိနိုင်မလဲ။
ဖွင့်ပြောဖို့ခက်
အကြင်နာချစ်စကာ:ဒို့ရင်ထဲ
ဘယ်သူပြောပေ:မှာလဲ။
ဒဏ်ရာတွေနဲ့
ဒို့တယောက်ထဲ
ဒီအချိန်ဒို့အနာ:ပြေ:ဖြတ်သွာ:
တိမ်တိုက်လေ:ရယ်။
တိမ်တိုက်လေ:အဝေ:ဆုံ:ပြေ:
တိမ်တိုက်လေ:ခရီ:မျာ:ဆက်
ရင်ထဲကဒို့အလွမ်:တွေကို
နင်သိပြီ:သာ:
နေရာတိုင်:မှာအလွမ်:မျာ:က
အချိန်တိုင်:မှာစို:မို:ထာ:
တိမ်တိုက်လေ:
ငါ့ချစ်သူကို
ငါသတိရလို့ပြောပေ:ပါကွာ။
ညမျာ:ရယ်
အလွမ်:မျာ:နဲ့ဒို့တယောက်ထဲ
နင်မရှိတော့
ဘယ်လိုသာယာနိုင်ဦ:မလဲ။
ဒီလိုညတိုင်:ဘဲ
အလွမ်:မျာ:နဲ့ဘယ်သူသိနိုင်မလဲ။
ဖွင့်ပြောဖို့ခက်
အကြင်နာချစ်စကာ:ဒို့ရင်ထဲ
ဘယ်သူပြောပေ:မှာလဲ။
ဒဏ်ရာတွေနဲ့
ဒို့တယောက်ထဲ
ဒီအချိန်ဒို့အနာ:ပြေ:ဖြတ်သွာ:
တိမ်တိုက်လေ:ရယ်။
တိမ်တိုက်လေ:အဝေ:ဆုံ:ပြေ:
တိမ်တိုက်လေ:ခရီ:မျာ:ဆက်
ရင်ထဲကဒို့အလွမ်:တွေကို
နင်သိပြီ:သာ:
နေရာတိုင်:မှာအလွမ်:မျာ:က
အချိန်တိုင်:မှာစို:မို:ထာ:
တိမ်တိုက်လေ:
ငါ့ချစ်သူကို
ငါသတိရလို့ပြောပေ:ပါကွာ။

စောင့် နေမိတယ်


ဘာဖြစ်ချင်တယ်လို့ တော့ ဘယ်ပြောပါမလဲချစ်သူရယ်
ဒါပေမဲ့ လေ ငါ မျှော်လင့်နေတယ်..............

ဘယ်အချိန်လဲလို့ တော့  ဘယ်မေးပါ့မလဲချစ်သူရယ်
ဒါပေမဲ့ လေ ငါစောင့်  နေမိတယ်...............

ချစ်တယ်လို့ ပြောတော့  ကြည်နုးမိတယ်ချစ်သူရယ်
ဒါပေမဲ့ လေ တစ်ယောက်တည်းမဟုတ်မှာလည်း စိုးမိနေတယ်............

သတိရနေတာလို့  ပြောတော့  ရင်ခုန်မိပြန်ရောချစ်သူရယ်
ဒါပေမဲ့ လေ တခြားတစ်ယောက်ဖြစ်နေမှာလည်း တွေးပူမိတယ်.............

စောင့် နေပါလို့ ပြောတော့  ခေါင်းခဏခဏညိမ့် မိတယ်ချစ်သူရယ်
ဒါပေမဲ့ လေ နင်ပြန်မလာတော့ မှာလည်း ကြောက်နေမိတယ်............

လက်ထပ်ရအောင်လို့ ပြောတော့  ငါ နေစရာမရှိတော့ ဘူးချစ်သူရယ်
ဒါပေမဲ့ လေ.......ငါ ယုံကြည်နေမိတယ်...
ဒါက တခြားသူတွေနဲ့ မတူတဲ့  ငါတို့ ဘ၀လေးတွေပေါ့

Thursday, May 9, 2013

ရယူခွင့်

ရယူခွင့် မဲ့ခဲ့လို့ 
ပေါက်ကွဲခွင့်ရှိမယ်ဆိုရင်
ဗုံးတွေတောင်
အလှည့် ရမယ် မထင်ဘူး
ကျေးဇူးပြုပြီး
ခပ်ဝေးဝေးမှာ နေပေးပါ
မလိုလားအပ်တဲ့
ဒဏ်ရာတွေ ရကုန်လိမ့်မယ်

တကယ်ချစ်မိတဲ့လူတယောက်

တကယ်ချစ်မိတဲ့လူတယောက်
က ကိုယ့်ချစ်သူရဲ့ပြသနာအခက်
ခဲတွေကိုမဆိုင်သလိုမနေတတ်
ပါဘူး...

ကိုယ်ရဲ့အခက်ခဲတခုလိုပဲတွေးပူ
မိနေတတ်တာပါ...

တကယ်ချစ်မိတဲ့လူတယောက်
က အရာအားလုံးမဟုတ်ရင်
တောင်အရာတခုလောက်ကိုယ့်
ချစ်သူအပေါ်စိတ်ချမ်းသာခိုင်း
စေချင်ကြတာပါပဲ...

တကယ်ချစ်မိတဲ့လူတယောက်
က ကိုယ့်ချစ်သူကိုတဘဝလုံးစာ
အတွက်ရည်ရွယ်ထားကြမှာပါပဲ

ဝေးကွာခြင်း


ငါတို့ ချစ်သူနှစ်ယောက်အလယ်မှာ ခြားထားတဲ့
ဝေးကွာခြင်းတွေအစား ဆုံစည်းရမဲ့ နေ့ လေးသာ
ရောက်လိုက်ချင်တယ်....... ချစ်သူ

ငါတို့ နှစ်ယောက်ကို အလွမ်းတွေနဲ့ ရင်နင့်စေမဲ့အစား
နင့်ရဲ့ လက်ကိုတွဲပီး အတူတူပျော်ရွှင်ရမဲ့ နေ့ လေး
ရောက်လိုက်ချင်တယ်........... ချစ်သူ

တစ်ယောက်နဲ့ တစ်ယောက်ဝေးနေရခြင်းကြောင့်
တစ်ခါတရံနားလည်မှုတွေလွဲပီး စိတ်ဆိုးနေကျမဲ့အချိန်တွေ
အစား အတူတူ ထာဝရလက်တွဲခွင့်သာ ရလိုက်ချင်မိတော့တယ်
ချစ်သူရယ်.....................

ရင်ခွင်လေးထဲမှာဖက်ထားပေပါ

ကိုယ့်ချစ်သူကောင်မလေးစိတ်ပျက်အားငယ်တဲ့အခါ
ရင်ခွင်လေးထဲမှာတင်းတင်းလေးပွေ့ဖက်ထားလိုက်ပါ...

ကိုယ့်ချစ်သူကောင်လေးစိတ်ဓာတ်ကျနေတဲ့အခါ
သူ့လက်ကလေးဆုပ်ကိုင်ထားပြီးတော့နင့်အနားမှာ
ငါ ရှိပါတယ်လို့ပြောပေးပါ...

ကိုယ့်ချစ်သူကောင်လေးစိတ်ဆိုးတဲ့အခါသီးခံပါ...

ကိုယ့်ချစ်သူကောင်မလေးစိတ်ဆိုးတဲ့အခါ ချော့ပေးလိုက်ပါ...

ကိုယ့်ချစ်သူကောင်လေးရဲ့အချစ်ကိုမြတ်တနိုးနဲ့သိမ်းထားပါ...

ကိုယ့်ချစ်သူကောင်မလေးရဲ့အချစ်ကို အရာအားလုံးထက်
ပိုပီးတန်ဖိုးထားပေးပါ...


လောကကြီးထဲမှာအချစ်တွေကပေါပါတယ်...
ကိုယ့်အပေါ်နားလည်ခွင့်လွှတ်ပေးတတ်တဲ့အချစ်တွေကသာ
ရှားနေတာပါ.........

ချစ်သူဘဝလေး


ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ချစ်သူဘ၀လေး
ငါတို့အမြဲကြုံတွေ့ရဖို့ နင်ရယ် ငါရယ် ရိုးသားမှုတစ်ခုတော့လိုအပ်တယ်



နာကျင်စရာကောင်းတဲ့အမုန်းတွေ ယူဆောင်မလာဖို့အတွက် နင်ရယ် ငါရယ် နားလည်မှုတွေရှိဖို့လိုအပ်တယ်


ငါတို့အချစ်တွေ မပျက်စီးဖို့အတွက်
နင်ရယ် ငါရယ် သစွာရှိဖို့လိုအပ်တယ်


တကယ်ဆို

အချစ်နဲ့အမုန်းကြားမှာ
ပုဝါပါးလေးဘဲ ခြားထားတာပါ
ဒါပေမယ့် အဲဒီပုဝါပါးလေးရဲ့နောက်မှ မမြင်နိုင်တဲ့နာကျင်လောက်တယ် ခံစားမှုတွေရှိနေတတ်တယ်ချစ်သူ


ငါတို့ဒီနေ့ထက် မနက်ဖြန်မှာ ပိုတိုးပြီချစ်မယ်
မနက်ဖြန်ဆိုတာ ရှိနေသရွှေ့ ငါတို့အချစ်တွေပိုတိုးပြီ ချစ်ကြမယ်ချစ်သူ









Tuesday, May 7, 2013

ရင့်ကျက်တက်ခဲပါပြီ

ဘယ်လောက်ဘဲ ရင့်ကျက်လာတဲ့လူဖြစ်ဖြစ်
အတိတ်မှာနာကျင်ခဲ့ရတဲ့ပုံပြင်တေ
ရှိနေသလိ
ရင်ဆိုင်ခဲ့ရတဲ့ဘဝတိုက်ပွဲတွေရှိလာခဲ့တယ်

ရင့်ကျက်လာတဲ့သူတွေဟာအပြုံးအရယ်နည်းလာတတ်တယ်ဆိုတာ
တကယ်တော့သူတို့ ရဲ့နာကျင်ခဲ့ရတဲ့အတိတ်တွေကိုဖုံးကွယ်ထားခဲ့တာပါ

လူငယ်တစ်ယောက်ပေမဲ့လူကြီးအလုပ်လုပ်ရင်လူကြီးဘဲတဲ့

တကယ်တော့ကျွန်မတို့ ဟာလူငယ်တစ်ဦးပါ ၁၀တန်းဆိုတာပြီးကတည်းက ဘဝတိုက်ပွဲတွေဒဏ်ရာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကျွန်မတို့ အဖို့

ဒီကျွန်မတို့ ဟာ ဟန်ဆောင်နေတဲ့ ရင့်ကျက်သူ လူငယ်တစ်ယောက်ဖြစ်လာခဲ့တယ်

Sunday, May 5, 2013

နာကျင်စွာ


အချိန်ကာလာမှာ


စိတ်မကောင်းဖြစ်မိရုံလေးပါ


ခွင့်လွတ်ခြင်း


တကယ်လာ


ကျေးဇူးတရာ


မောနင်းပါချစ်သူ


နောက်ဆုံး


သံယောဇာဉ်

သံယောဇဉ်
  
တိုတွေဆုံခဲကြတယ်  အချိန်တွေကြာလာတယ်

သံယောဇဉ်တွေပိုလာခဲတယ်

ဘာလိုလဲတိုတွေအဲလိုဖြစ်ခဲတာလဲ

သူကိုလွမ်းတက်လာတယ်

လွမ်ရင်နဲပဲချစ်တက်ခဲတယ်

 ချစ်ရင်နဲပဲတို့ နှစ်ယောက်

ပန်းတိုင်တခုကိုလျှေက်လှမ်ခဲတယ်

ရည်မှန်ချက်ဘ ဝ

ပန်တိုင်တခုစီပေါ့
   

အဝေတနေရာက

လေယူရာတိမ်းတဲ့ နင့် စိတ်ကို ဘယ်လိုအပြစ်တင်ရပါ့
စိုးရိမ်မှုက အသွေးအသားနဲ့ အကျွမ်းတဝင်ဖြစ်လို့
သုံးပွင့်ဆိုင် ဓါးသွားနဲ့
ပါးပါးလှီးနေတာလား။
မနက်ဖြန်ဆိုတာ
ရင်ခွင်ပျောက် ဌက်တစ်ကောင်ရဲ့
အတ္ထုပ္ပတ္တိများလား?
တစ်ရိပ်ရိပ် တက်လာတဲ့
ဒုတိယလှိုင်းလုံး
နင့်ကို ငါ့ဆီကခေါ်သွားမှာလား?
နင်. .ငါ...သူ ဘယ်သူမှားခဲ့သလဲ
အဆုံးသတ်မှာ ဘယ်သူကျန်ခဲ့မှာလဲ
ငါ့ နာရေးသတင်း ငါကိုယ်တိုင် ဖတ်ရတော့မှာလား။ ။

   အဝေတနေရာက

မင်နဲတွေဖို့ 

ချစ်သူ


    မင်နဲတွေဖို့ နည်လာလေငါရင်တွေခုန်လာတယ်
   မင်ကိုအရမ်းလဲသတိရနေမိတယ်
   မင်ကောငါတွေ့ လိုတွေ့ ပါမလာ
   မင်ကကောငါသတိရသလိုရပါမလာ
   တိုတွေဘယ်တော့မှပြန်ဆုံမလဲလို့ တွေရင်
   ရင်မောရပါတယ် သေချာတခုကတော့
   တိုတွေဝေးနေရတယ်ဆိုတာတော့သေချာတယ်
   တနေ့ နေ့ မှာပြန်ဆုံချင်တယ်........ချစ်သူ
  

သေချာတယ်ခံနိုင်ရည်ရှိသွာပြီ

ခဏခဏ
စွန့်ပစ်ခံရတော့
နင်ထပ်ထားသွားမှာမကြောက်တော့ဘူး
ခဏခဏ
မျက်ရည်ကျနေရတော့
နင် ငါ့ကိုစိတ်ဆင်းရဲအောင်
လုပ်လည်းမငိုတတ်တော့ဘူး
ခဏခဏ
နာကျင်နေရတော့
နင် ငါ့ကိုကြင်နာမှုတခုပေးတာတောင်
နာကျင်မှုလို့ ထင်မိမှားလာတယ်
သေချာတယ် ခုငါ့ခံစားမှုတွေက
ကျွဲသရေ နွားသရေဖုံးထားသလားမှတ်ရတယ်
ဘယ်လိုမှမနေတော့ဘူး
အရေခွံထူလာတတ်ပြီ

Thursday, May 2, 2013

နင်နားလည်နိုင်မှာပါနော်

ငါက မာနကြီးတတ်တဲ့ သူတစ်ယောက်ပါ
ဒါပေမဲ့ နင့်အတွက်ဆို ငါ့မာနကိုမေ့နေတတ်တဲ့သူပါ....

ငါက အနိုင်ယူတတ်တဲ့ သူတစ်ယောက်ပါ
ဒါပေမဲ့ နင့်အပေါ်မှာတော့ အရှုံးပေးနေမိတဲ့သူပါ...

ငါက လွပ်လပ်မှုကို နှစ်သက်တဲ့ သူတစ်ယောက်ပါ
ဒါပေမဲ့  နင်ရဲ့ ချုပ်ချယ်မှုကိုတော့ တမ်းတနေမိတဲ့သူပါ........

ငါ နင့်ကိုချစ်တဲ့အချစ်က နင့်အတွက်ဆို အရာရာကို
ပြောင်းလဲစေနိုင်တဲ့အတွက် ငါ နင့်ကိုချစ်တဲ့အချစ် ဘယ်လောက်
လေးနက်တယ်ဆိုတာ နင်နားလည်နိုင်မှာပါနော် ချစ်သူ.........

Wednesday, May 1, 2013

ချစ်မိတဲ့ သူတိုင်း

ချစ်မိတဲ့သူတိုင်း ~~~~ ကိုယ်ချစ်သူကို
လွမ်းတတ်ကြတယ်တဲ့


ခံစားချက်ရှိသူတိုင်း~~~~ကိုယ်ချစ်တဲ့
သူကို တန်ဖိုးထားတတ်ကြတယ်တဲ့



ချစ်သူ ငါလဲ ငါချစ်တဲ့နင့်ကို ~~~~ချစ်မိတော့
လွမ်းလဲလွမ်းတတ်တယ် တန်ဖိုးလဲထားတတ်ပြီ
တအားသ၀န်တိုတတ်တယ် .......


ဒါတွေအားလုံးက ~~~~ငါချစ်တဲ့နင့်ကို အရမ်းချစ်မိလို့ပါ

ငါမှားနေလို့ လာ

ဟိုးအဝေးကြီးမှာ ရှိနေတဲ့ သူတစ်ယောက်ကို
ချစ်မိတာ ငါမှားနေလို့ လား...... ????

သူ့ ကို ချစ်တဲ့ စိတ်ကြောင့် သူ့ စကားလေးတွေကို
ယုံကြည်နေတတ်တာကရော ငါမှားနေတာလား.... ????

တစ်နေ့ နေ့ ဆုံတွေ့ ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့်
စောင့်နေမိတာကရော ငါမှားနေတာလား.... ????

သိပ်ချစ်ရတဲ့ သူနဲ့ လက်တွဲခွင့်ရဖို့ အဝေးက သူ့ အပေါ်
သစ္စာရှိနေမိတာက ငါမှားနေလို့ လား........ ????

တစ်ခြားသူတွေက မှားနေပါတယ်ဆိုရင်တောင်
ငါ ချစ်တဲ့ သူ ကို အရမ်းချစ်ပီး သူ့ အပေါ် သစ္စာရှိနေပေးတာ
ငါကတော့ မမှားဘူးပါလို့ ခံယူနေမိတယ်.......... ချစ်သူရယ်

တုံ့ ပြန်မှုတိုင်းက

မပြောင်လဲကြေး


မချစ်မိစေနဲ့


ဂစ်တာ


မငိုပါနဲ့


လက်တွဲပြီး


စိတ်ဓါတ်မကျနဲပါ


ပြန်လာမဲ့ အချိန်

နင့်တစ်ယောက်ကို ငါက
အရာရာထက်ပိုတန်ဖိုးထားနေခဲ့တယ်.....

နင့် အတွက်ဆို ငါက
အချိန်တိုင်း ပေးဆပ်ခဲ့ဖူးတယ်............

နင့် အပေါ်မှာ ငါက
အချိန်တိုင်း ဟန်ဆောင်မှုကင်းနေခဲ့တယ်.........

နင့်ကို အပြစ်မမြင်ရက်တဲ့ ငါက
အချိန်တိုင်း ငါ့အမှားတွေပါလို့ ခုထိ ခံယူနေတတ်တယ်...........

နင် တစ်ယောက်ထဲသာ ငါ့ဘ၀ရဲ့ 
လက်တွဲဖော်ဆိုတဲ့ စိတ်ကြောင့် နင်ပြန်လာမဲ့ အချိန်ကို
အဆုံးထိ ငါ မျှော်လင့်နေအုံးမှာပါ......... ချစ်သူ

သတိရနေမိတယ်

ကိုယ်ဘယ်လောက်ဝမ်းနည်းနေတယ်ဆိုတာကို
တခါတလေ
ချစ်တဲ့ သူ သိအောင် မပြောပြဖြစ်ဘူး..........
ပြောပြလို့  စိတ်ပေါ့ပါးသွားတာထက်
စိတ်ရှုပ်သွားမလား ဆိုတဲ့  အတွေးက ရင်ဖွင့် ချင်တဲ့ အခါတိုင်းပေါ်တယ်............

ကိုယ်ဘယ်လောက် သတိရနေမိတယ်ဆိုတာကို
တခါတလေ
အမြင်ကပ်သွားလောက်အောင် မပြောပြဖြစ်ပြန်ဘူး.......
ပြောပြလို့  ကိုယ်အလွမ်းပြေသွားတာထက်
သူဂရုမစိုက်ပဲ လွယ်လွယ်နားထောင်လေမလားဆိုတဲ့  စိတ်က
ရင်ဖွင့် ချင်တဲ့  အခါတိုင်းပေါ်တယ်..............

ကြာလာတော့ 
ဝမ်းနည်းမူ့တွေကို တိတ်တိတ်လေးပဲ နေတက်သွားတယ်..........
ပျော်နေရင်တောင် ပြုံးနေယုံလောက်လေးပဲ ခံစားတက်လာတယ်..........
တခါတလေ
နက်ရှိုင်းတဲ့  ဒဏ်ရာဒဏ်ချက်ဆိုတာ
ပြောပြယုံနဲ့  မလုံလောက်တဲ့ အခါ မြိုသိပ်တက်သွားတာမျိုးပါ

မျှော်လင့်ချက်

တခါတလေ
ကိုယ်အတွက်
မျှော်လင့်ချက်မဲ့ တာတောင်
သူ့အတွက်
မျှော်လင့်ချက်တစ်ခုနဲ့  ပေးဆပ်ဖြစ်နေခဲ့ တာပါ......

ဒါကိုပဲ
တဖက်သက်လို့ ခေါ်မလား
ဒါမှမဟုတ်
ကိုယ်သေတွင်း ကိုယ်တူးတယ်လို့ ခေါ်မလား.............

မလိုချင်ပေမဲ့ 
ရခဲ့ တဲ့  ခံစားချက်တွေထဲမှာ
ချစ်သူဆီက ဥပေက္ခာက အဆိုးဝါးဆုံးတစ်ခုပါ..........

မေမေ့အတွက်

မေမေ့မွေးနေ့မှာ....

ဘုရားစာအုပ်လေးလက်ဆောင်ပေးချင်တယ်.........
တနာရီစာ တရားအတူတူ နားထောင်ချင်တယ်..........
ဘုရားအတူတူသွားချင်တယ်..........
ခြေလက်အစုံထိပြီး ကန့်တော့ ချင်တယ်........
မေမေ့ပါး ကို အသံမြည်တဲ့ အထိ နမ်းပြစ်ချင်တယ်............

ဒါပေမဲ့ တခါမှ ဒီလိုမကြုံဖူးတာ ခက်တယ်..........

အမှတ်မရှိသတိရခြင်း

တိုက်ဆိုင်လို့ တော့ မဟုတ်ပါဘူး
နင်နဲ့ ပတ်သတ်ရင်
ငါကိုက အမှတ်မရှိပဲ သတိရခြင်းတွေကို ထုတ်ကြည့် မိတက်တာပါ.............

နေနိုင်လို့ တော့ မဟုတ်ပါဘူး
နင်မခေါ်ခဲ့ တဲ့ နေ့ရက်တွေမှာ
ငါကိုက အထီးကျန်ဖို့ အတွက် ကျင့် သားရနေသလိုဖြစ်နေတက်တာပါ



တသက်လုံးအတွက်မဟုတ်ရင်
ဂရုမစိုက်ပါနဲ့ 
ကြင်နာချင်ဟန်လည်းမဆောင်ပါနဲ့ 
နွေးထွေးမူ့တွေလည်းမပေးပါနဲ့ 
ရနေကျ ဂရုစိုက်မူ့တွေ မရနိုင်တော့ ရင်
တွေ့နေကျအချိန်လေးမှာ ငါတို့  မတွေ့ဖြစ်ကျတော့ ရင်......

ဖြေချင်လို့ တော့ မဟုတ်ပါဘူး
နင်မေးတဲ့ မေးခွန်းတွေ တိုင်းမှာ
ငါကိုယ်က အဆင်ပြေပါတယ်လို့  လိုလိုလားလား ဖြေချင်နေမိတက်သူပါ............

ရှင်သန်ခွင့်ရှီမယ်ဆိုရင်



အမှတ်တမဲ့ဆိုပေမယ်

တိုင်ဆိုင်မှုတိုင်းက.........
အမှတ်တမဲ့ ဆိုပေမယ့် .........

အမှတ်တမဲ့ တိုင်းကို.........
အမှတ်တရ ဖြစ်နေဆဲပါ.....

အ မှတ်တရ တိုင်းကို..............
ပြန်လွမ်းမိဆဲဆိုပေမယ်.........
ပြန်လွမ်းမိတိုင်းလည်....
မျှော်လင့်လို့မှ မ ဟုတ်တာ............

မျှော်လင့်ချက်တိုင်းက........
ရယူဖို့ မဟုတ်ပေမယ့်.........

ရယူခြင်းတိုင်းကိုတော့
အချစ်လို့ ခေါင်းစဉ်တပ်ပြီး
အနိုင်ယူနေကြတာပါပဲ"

မျှော်လင့်နေဆဲပါ

ချစ်သူရယ်...နင့်အကြောင်းလေးတွေ....တွေးမိတိုင်း
ငါရင်ထဲ...နွေးထွေးကြည်နူးမိတယ်...နင့်ကိုစွဲလမ်းနေတဲ့စိတ်လေးနဲ့
တစ်နေ့ တွေ့နိုးနိုး....နင့်မျက်နှာတမ်းတရင်းအချိန်တွေကုန်ဆုံးစေတယ်
ဘယ်နေ့ .........ဘယ်အချိန် .......နင် နဲ့ ငါတွေ့ရမလဲတွေးတောရင်း


မျှော်နေမိတယ်...............!_!
ငါဝန်ခံပါတယ်နင့်ကိုချစ်နေမိပြီဆိုတာ.......
ဒါပေမဲ့လည်းနင်ကတော့သူငယ်ချင်းအဆင့်ထက်တော့မပိုနိုင်ဘူးထင်ပါတယ်........
နင်ကငါ့ရှေ့မှာအခြားကောင်မလေးအကြောင်းလာပြောတော့ ငါ့ရင်ထဲမှာဗလောင်ဆူနေပေမဲ.........့ အဲ့ကောင်မလေးအကြောင်းနားထောင်ပေးခဲ့ပါတယ် နင်မသိအောင်အသည်းနှလုံးရဲ့အနက်ရှိုင်းဆုံးနေရာမှာ....
ငါ့အချစ်တွေကိုသိမ်းထားလိုက်ပါတယ်ထာဝရသူငယ်ချင်းရယ်...
.ငါနင့်ကိုမသေနိုင်သောအချစ်တွေနဲ့ဆက်ချစ်သွားပြီးမျှော်လင့်နေဆဲပါ။

"လွမ်းနေဆဲ"

"မုန်းတယ်"

"နင်ကိုအရမ်းချစ်မိတဲ့ "

 " ငါ့ကိုငါမုန်းတယ်"

 "  နင့်ကိုအရမ်းလွမ်းနေဆဲဖြစ်တဲ"

        " ငါ့ ကိုငါမုန်းတယ်'"