Sunday, May 5, 2013

သေချာတယ်ခံနိုင်ရည်ရှိသွာပြီ

ခဏခဏ
စွန့်ပစ်ခံရတော့
နင်ထပ်ထားသွားမှာမကြောက်တော့ဘူး
ခဏခဏ
မျက်ရည်ကျနေရတော့
နင် ငါ့ကိုစိတ်ဆင်းရဲအောင်
လုပ်လည်းမငိုတတ်တော့ဘူး
ခဏခဏ
နာကျင်နေရတော့
နင် ငါ့ကိုကြင်နာမှုတခုပေးတာတောင်
နာကျင်မှုလို့ ထင်မိမှားလာတယ်
သေချာတယ် ခုငါ့ခံစားမှုတွေက
ကျွဲသရေ နွားသရေဖုံးထားသလားမှတ်ရတယ်
ဘယ်လိုမှမနေတော့ဘူး
အရေခွံထူလာတတ်ပြီ

0 comments:

Post a Comment