ဘ၀မှာ တခါတလေလောက်များ
ဝမ်းနည်းကြေကွဲစရာအဖြစ်အပျက်တွေ ကြုံလာခဲ့ ရင်
အံတင်းတင်းကျိတ်ပြီးတော့ 
ခံစားချက်တွေကို ခံနိုင်ရည်တစ်ခုနဲ့  ကာဗာမလုပ်မိပါစေနဲ့ .......
လွတ်လွတ်လပ်လပ်ကလေးပဲ ခံစားလိုက်ပါ...
မျက်ရည်ကျမိမယ်ဆိုရင်လည်း ကြည်ကြည်သာသာကလေးပဲ ခွင့်ပြုလိုက်ပါ...
ဖြေရှင်းရမယ်ဆိုရင်လည်း ရင်ဆိုင်နိုင်ရဲတဲ့ စိတ်ကိုပဲ မွေးမြူပါ.....
ဝမ်းနည်းစရာဆိုရင်လည်း တာရှည်မခံသလို
ပျော်ရွှင်စရာဆိုတာကလည်း အမြဲမရှိနိုင်ဘူးလေ
ပြီးရင်တော့ 
အရာအားလုံး တည်ငြိမ်သွားပါလိမ့် မယ်...
Nan

0 comments:
Post a Comment