Sunday, May 26, 2013

ငါလွမ်းပါရစေချစ်သူ

  • တိုက်ဆိုင်မူ့ရှိရှိ မရှိရှိ
    သတိရတိုင်းတော့ 
    ငါလွမ်းပါရစေချစ်သူ...............

    နီးစပ်မူ့ရှိရှိ မရှိရှိ
    စိတ်မချတဲ့  အချိန်တိုင်းတော့ 
    ငါ စိုးရိမ်ပူပန်ပါရစေ ချစ်သူ.............

    နင်လွမ်းလွမ်း မလွမ်းလွမ်း
    တွေ့ခွင့်ရှိတဲ့ နေရာတစ်ခုမှာ
    ငါ စောင့်နေတယ်ဆိုတာ သတိပြုပါချစ်သူ...........

    နင်နေနိုင်ပေမဲ့ 
    ငါ မနေနိုင်ပဲ သတိရနေတဲ့ အခါ..............
    နင်မတွေ့ချင်ပေမဲ့ 
    ငါစောင့်နေဖြစ်တဲ့  အခြေအနေတစ်ခုမှာ......
    နင့်ကို သိပ်ချစ်လွန်းတဲ့ 
    ငါရှိနေသေးတဲ့ ဆိုတာ နင်သိနေရင်ပဲ
    ကျေနပ်ပါပြီ........

    တကယ်တော့ 
    ပိုချစ်တဲ့ သူက ရှုံးတာမဟုတ်ပါဘူးဟာ
    ပိုချစ်တဲ့ သူက ပိုခံစားရတာပါ
    Nan

0 comments:

Post a Comment