Thursday, May 2, 2013

နင်နားလည်နိုင်မှာပါနော်

ငါက မာနကြီးတတ်တဲ့ သူတစ်ယောက်ပါ
ဒါပေမဲ့ နင့်အတွက်ဆို ငါ့မာနကိုမေ့နေတတ်တဲ့သူပါ....

ငါက အနိုင်ယူတတ်တဲ့ သူတစ်ယောက်ပါ
ဒါပေမဲ့ နင့်အပေါ်မှာတော့ အရှုံးပေးနေမိတဲ့သူပါ...

ငါက လွပ်လပ်မှုကို နှစ်သက်တဲ့ သူတစ်ယောက်ပါ
ဒါပေမဲ့  နင်ရဲ့ ချုပ်ချယ်မှုကိုတော့ တမ်းတနေမိတဲ့သူပါ........

ငါ နင့်ကိုချစ်တဲ့အချစ်က နင့်အတွက်ဆို အရာရာကို
ပြောင်းလဲစေနိုင်တဲ့အတွက် ငါ နင့်ကိုချစ်တဲ့အချစ် ဘယ်လောက်
လေးနက်တယ်ဆိုတာ နင်နားလည်နိုင်မှာပါနော် ချစ်သူ.........

0 comments:

Post a Comment