Tuesday, May 28, 2013

မနက်ဖြန်တိုင်းကို

မရှိမဖြစ်ဆိုတဲ့  စကားလုံးတွေထက်
နင့်ကို ငါ ပိုလိုအပ်တယ်................

ရိုးမြေကျဆိုတဲ့  သစ္စာစကားတွေထက်
နင့်ကို ငါ ပို တန်ဖိုးထားတယ်.............

ထာဝရဆိုတဲ့  အသုံးအနှုန်းတွေထက်
နင့်ကို ငါ ချစ်တယ်................

ဘယ်သူတွေ ဘာပြောပြော
နင့်နားမှာ
အမြဲရပ်တည်ချင်တဲ့ စိတ်ကလေးနဲ့ 
မနက်ဖြန်တိုင်းကို ငါ ရှင်သန်နေဖြစ်ခဲ့ တာပါ ချစ်သူ..................

ဒီနေ့က
မနက်ဖြန် အတွက် နင့်ကိုလွမ်းဖို့  ခြေလှမ်းအစဆိုရင်
သဘက်ခါအတွက် ငါကြိုပြေးပြီးလွမ်းထားပါရစေချစ်သူ........
ငါ နင်နဲ့ မြန်မြန် ဆုံတွေ့ချင်ပြီလေ.............
Nan

0 comments:

Post a Comment