Wednesday, May 1, 2013

သတိရနေမိတယ်

ကိုယ်ဘယ်လောက်ဝမ်းနည်းနေတယ်ဆိုတာကို
တခါတလေ
ချစ်တဲ့ သူ သိအောင် မပြောပြဖြစ်ဘူး..........
ပြောပြလို့  စိတ်ပေါ့ပါးသွားတာထက်
စိတ်ရှုပ်သွားမလား ဆိုတဲ့  အတွေးက ရင်ဖွင့် ချင်တဲ့ အခါတိုင်းပေါ်တယ်............

ကိုယ်ဘယ်လောက် သတိရနေမိတယ်ဆိုတာကို
တခါတလေ
အမြင်ကပ်သွားလောက်အောင် မပြောပြဖြစ်ပြန်ဘူး.......
ပြောပြလို့  ကိုယ်အလွမ်းပြေသွားတာထက်
သူဂရုမစိုက်ပဲ လွယ်လွယ်နားထောင်လေမလားဆိုတဲ့  စိတ်က
ရင်ဖွင့် ချင်တဲ့  အခါတိုင်းပေါ်တယ်..............

ကြာလာတော့ 
ဝမ်းနည်းမူ့တွေကို တိတ်တိတ်လေးပဲ နေတက်သွားတယ်..........
ပျော်နေရင်တောင် ပြုံးနေယုံလောက်လေးပဲ ခံစားတက်လာတယ်..........
တခါတလေ
နက်ရှိုင်းတဲ့  ဒဏ်ရာဒဏ်ချက်ဆိုတာ
ပြောပြယုံနဲ့  မလုံလောက်တဲ့ အခါ မြိုသိပ်တက်သွားတာမျိုးပါ

0 comments:

Post a Comment