Sunday, May 26, 2013

နင်နဲ့ ပတ်သက်ရင်

သူအဆင်ပြေပါစေ ဆုတောင်းပေးဖြစ်ပေမဲ့ 
ကိုယ်အဆင်မပြေတဲ့ နေ့ရက်တွေကိုတော့  မသိသလို ကျော်ဖြတ်ခဲ့ ဖူးတယ်......

သူကျေနပ်ရင် စိတ်ကြိုက်လုပ်ခွင့် ပေးထားပေမဲ့ 
မနေတက်တဲ့ ကိုယ်အတွက်တော့  သူပြောထားသမျှ လိုက်နာနေမိတယ်............

သူပျော်နေတာမြင်တော့ 
ကိုယ်စိတ်ဆင်းရဲတာတွေကို မပြောဖြစ်ခဲ့ ပြန်ဘူး...........

ကိုယ်စိတ်ဆိုးချင်တာထက်
သူစိတ်ကောက်သွားမှာကို စိုးရိမ်ပိုခဲ့ တယ်.............

သူနေတက်ပေမဲ့ 
ကိုယ်မနေနိုင်ပြန်တော့  အကောင့်လေးဖွင့် ပြီး စောင့်နေမိဆဲ..........

နင်နဲ့ ပတ်သက်ရင်
စိတ်မခိုင်လွန်းတဲ့  ငါ့ကိုယ်ငါ ကို သိပ်မုန်းတယ်......

နင်အကြောင်းတွေးမိရင်
မျက်ရည်လွယ်တဲ့  ငါစိတ်ကိုလည်း ငါ မုန်းတယ်.....

နင့်နဲ့ ဝေးနိုင်လားလို့  ကိုယ်ကိုကိုယ်ပြန်မေးတိုင်း
ဟင့်အင့် လို့ ပြန်ဖြေတဲ့  ငါ့ နှလုံးသားကိုလည်း ငါ အရမ်းသနားတယ်.....

နေတက်သလို နင်နေနိုင်ပါတယ် ချစ်သူရယ်
မနေနိုင်တဲ့  ငါ့အတွက်တော့ 
မက်ဆေခ်ျ့လေးတစ်ကြောင်းဖြစ်ဖြစ် ပို့ ပေးစေချင်တယ်................


Nan

0 comments:

Post a Comment