နေနိုင်လွန်းတယ်လို့  ဘယ်သူပြောလဲ
တခါတလေ
တစ်ယောက်တည်း
အထီးကျန်လွန်းတဲ့ နေ့တွေ များခဲ့ ဖူးပါတယ်...........
ခံစားချက်မရှိဘူးလို့  ဘယ်သူပြောလဲ
တခါတလေ
လူမသိအောင် ငိုခဲ့ ရတဲ့ ရက်တွေရှိပါတယ်.............
နားလည်မပေးနိုင်ဘူးလို့ ရော ဘယ်သူပြောလဲ
တခါတလေ
ခွင့်လွှတ်ခြင်းနဲ့ လည်း သင်ပုန်းချေ ခဲ့ ဖူးပါတယ်............
လောဘကြီးလွန်းတယ်လို့  ဘယ်သူပြောလဲ
တခါတလေ
နင့်အတွက်ဆို ငါအရာရာ စွန့် လွှတ်ခဲ့ ဖူးပါတယ်
အချစ်နဲ့ ပတ်သက်လို့ 
လိုက်လျောနိုင်စွမ်းကြီးခဲ့ တာတောင်မှ
အတ္တကြီးတယ်လို့  ပြောခံရသေးတယ်.............
သနားစရာပဲနော်လို့ တော့  ဘယ်သူမှမပြောခဲ့ ကျချိန်မှာ
ဟန်ဆောင်ခြင်းနဲ့ ပဲ
ငါမျက်ကွယ်ပြုပါရစေတော့ ချစ်သူရယ်.........

Nan
0 comments:
Post a Comment