လေယူရာတိမ်းတဲ့ နင့် စိတ်ကို ဘယ်လိုအပြစ်တင်ရပါ့
စိုးရိမ်မှုက အသွေးအသားနဲ့ အကျွမ်းတဝင်ဖြစ်လို့
သုံးပွင့်ဆိုင် ဓါးသွားနဲ့
ပါးပါးလှီးနေတာလား။
မနက်ဖြန်ဆိုတာ
ရင်ခွင်ပျောက် ဌက်တစ်ကောင်ရဲ့
အတ္ထုပ္ပတ္တိများလား?
တစ်ရိပ်ရိပ် တက်လာတဲ့
ဒုတိယလှိုင်းလုံး
နင့်ကို ငါ့ဆီကခေါ်သွားမှာလား?
နင်. .ငါ...သူ ဘယ်သူမှားခဲ့သလဲ
အဆုံးသတ်မှာ ဘယ်သူကျန်ခဲ့မှာလဲ
ငါ့ နာရေးသတင်း ငါကိုယ်တိုင် ဖတ်ရတော့မှာလား။ ။
အဝေတနေရာက
Sunday, May 5, 2013
အဝေတနေရာက
8:02 AM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment