ဒီအရောင်လေးနဲ့ ဆိုလိုက်သလားလို့ 
တရေးတယူ နင့်ကို ငါမေးဖူးတယ်....
နင့်ကို ဆုံးဖြတ်ခိုင်းဖို့ မဟုတ်ပါဘူး....
ငါဘာလုပ်လုပ် နင့်ကိုတိုင်ပင်တယ်ဆိုတာ သိစေချင်ယုံလောက်ပါ............
ဒီနေ့လှလားလို့ 
အမှတ်မထင် နင့်ကို ငါမေးဖူးတယ်
အလှအပကိုကြိုက်လွန်လွန်းလို့ မဟုတ်ပါဘူး...
နင့်အတွက် ငါ ပုံတုံးလေးဖြစ်နေမှာ စိုးလို့ ပါ.............
စိတ်ရှုပ်သွားသလားလို့ 
နင်မျက်နှာလေး ညိုးသွားချိန်မှာ ငါ မေးဖူးတယ်..
အလိုက် မသိတက်တာ မဟုတ်ပါဘူး...
ငါ့ကြောင့် နင့်ကို စိတ်ညစ်သွားမှာ စိုးလို့ ပါ............
ဆံပင်ညှပ်လိုက်ရမလားလို့ 
နင့်ကို ငါ စနောက်ဖူးတယ်...
ဒုက္ခများတယ်လို့  အကြောင်းပြချက်ပေးချင်လို့ မဟုတ်ပါဘူး...
မလုပ်ရဘူးနော် ဆိုတဲ့  နင့်တားမြစ်ချက်ကလေးကို ကြားချင်မိလို့ ပါ......
တကယ်ရော ချစ်ရဲ့လားလို့ 
နင့်မျက်နှာကိုကြည့်ပြီးလေးလေးနက်နက်ငါမေးဖူးတယ်..
မယုံကြည်လို့ မဟုတ်ပါဘူး..
နင်နဲ့ ဝေးရမှာကို ငါ တကယ်မလိုလားလို့ ပါ.....
နားလည်မူ့ရှိတယ်ဆိုတဲ့  ချစ်သူစုံတွဲတွေတိုင်းမှာ
တခါတလေ
ကိုယ်စိတ်ဆန္ဒထက် သူ့စိတ်ဆန္ဒကို ဦးစားပေးရတက်တယ်ဆိုတာ
ငါ သိနားလည်ထားပါတယ်....
ဒီတော့  ငါကြိုက်ခြင်းမကြိုက်ခြင်းထက်
ကိုယ်ချစ်မြတ်နိုးတဲ့ သူအတွက် ဆိုရင် ငါဘာလုပ်ပေးရလုပ်ပေးရ အဆင့်သင့်ပဲလေ......
ဒါတွေက သိပ်ချစ်လွန်းတဲ့ သူတွေဆီမှာပဲ
ပေါက်ဖွားတက်တဲ့  ခံစားချက်ကလေးတွေဆိုတာ သိထားပေးပါနော

Nan
0 comments:
Post a Comment