စိတ်ကူးယဉ်တယ်ပြောပြော
မနက်မိုးလင်းတိုင်း
နင့်မျက်နှာလေးကို ပထမဆုံးမြင်တွေ့ရမဲ့ အချိန်ကို ရောက်ချင်ပြီ.....
လက်တွေ့ဆန်တယ်လို့ ပဲဆိုဆို
နှစ်ယောက်အတူ မျက်နှာခြင်းဆိုင်ပြီး
နင်နဲ့ အတူတူ
ထမင်းတ၀ိုင်းတည်းစားခွင့်ရမဲ့ အချိန်လေးကို ရောက်ချင်ပြီ
မျှော်လင့်တယ်လို့ ပဲပြောပြော
နင်ဟင်းချက်နေရင်
စကျနောက်ကျရင်းနဲ့  ကြက်သွန်ဝိုင်းနွှာပေးတဲ့  ဘ၀လေးကို ရောက်ချင်ပြီ...
လိုချင်တပ်မက်တယ်ပဲ ဆိုဆို
ညနေတိုင်း
နင့်ခါးလေးကိုဖက်ပြီး
လေပြေညှင်းတွေကို ခံစားခွင့်ရှိမဲ့ 
လမ်းအတူတူလျှောက်ခွင့်ရမဲ့  အချိန်လေးကို လည်းရောက်ချင်ပြီ
ငါ့အကြောင်းတွေးလိုက်တာနဲ့ 
နင့်အကြောင်းပါလာတက်တာကိုတွေးပြီး
ငါပြုံးမိတယ်
နင်မရှိရင် ငါဘ၀က မစိုပြေနိုင်တော့ ဘူးဆိုတာတွေးပြီးတော့ ပေါ့ 

0 comments:
Post a Comment