Wednesday, May 29, 2013

ဟန်ဆောင်ခြင်းတွေကို

ကျင့် သားရနေတယ်လို့ တော့  လည်း ဘယ်ဟုတ်ပါ့ မလဲ
တခါတလေ
နင်လစ်လျူရှု့ခဲ့ တဲ့ နေ့ရက်တွေမှာ
မဆိုင်သလို ခံစားချက်လေးနဲ့  မနက်ခင်းတိုင်းကို
မော်နင်းလို့  နှုတ်ဆက်ခွင့် မရတာလည်း ကြာပြီလေ...................

ပြက်သားနိုင်လို့ တော့  လည်း ဘယ်ဟုတ်ပါ့ မလဲ
တခါတလေ
ငါမျှော်လင့်သလို ဖြစ်မလာတဲ့ အခါ
ဖြစ်သင့်တာလောက်လေးနဲ့  ကျေနပ်ရောင့်ရဲတက်ဖို့ 
ဟန်ဆောင်ခြင်းတွေကို ငါတမင်လုပ်ယူခဲ့ လိုက်ရတယ်
နေနိုင်လွန်းတယ်လို့နင်ပြောဖူးတာလည်း အကြိမ်ပေါင်းများပြီလေ........

ဟိုးအရင်က
မနက်ဆို
နင်ပြောတဲ့  မော်နင်းဆိုတဲ့  စကားက ငါ့အတွက် အားအင်တစ်ခုပါ
နေ့လည်ဆို
နေကောင်းရဲ့လားမေးတဲ့  နင်ဂရုစိုက်မူ့တွေက ငါ့အတွက် နွေးထွေးခြင်းတစ်ခုပါ
ညဖက်ဆို
ဂွတ်နိုက်လို့ ပြောတဲ့  နင့်စကားသံလေးက ငါ့ပင်ပန်းနွမ်းနယ်မူ့အတွက် အိုအေစစ်တစ်ခုပါ...................

ခုတော့ 
အချစ်ဆိုတာကို ခေါင်းစဉ်တပ်ပြီး
သူစိမ်းလိုနေဖြစ်ကျတဲ့  ငါ့တို့  အဖြစ်ကိုတွေးပြီး
ငါ အရမ်းဝမ်းနည်းနေရပြီဟာ.......
 
Nan

0 comments:

Post a Comment