တကယ်ချစ်တဲ့ သူတွေဆိုတာ
ကိုယ်ကြိုက်တာ လုပ်ဖို့ ကြိုးစားနေတာထက်
ချစ်သူမကြိုက်တာ ကြိုးစားရှောင်နေဖြစ်ကျတာပါ...........
တကယ်ချစ်တဲ့ သူတွေဆိုတာ
ကိုယ်ဖြစ်ချင်တဲ့  ဆန္ဒတွေထက်
သူဖြစ်ချင်နေတဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်ပေးနေရင်းနဲ့  ကျေနပ်နေကျတဲ့ သူတွေပါ......
တကယ်ချစ်တဲ့ သူတွေဆိုတာ....
ဘယ်လောက်စိတ်ဆိုးဆိုး
ဘယ်ချိန်ရန်ဖြစ်ဖြစ်
လမ်းခွဲဖို့  မကြိုးစားမိတက်ကျတဲ့ သူတွေပါ..............
တကယ်ချစ်တဲ့  သူတွေဆိုတာ...........
သူ့ကြောင့်  ကိုယ်ဝမ်းနည်းရတာထက်
ကိုယ်ကြောင့်  သူစိတ်ဆိုးသွားမလား စိုးရိမ်နေရတဲ့ သူတွေပါ...........
တကယ်ချစ်တဲ့  သူတွေဆိုတာ.......
ကိုယ်ချစ်မြတ်နိုးတဲ့ သူအတွက်
အရာအားလုံး ပေးဆပ်နိုင်တဲ့ သူတွေ မဟုတ်လား..............
Thursday, May 16, 2013
ပေးဆက်နိုင်တဲ့ သူ
9:56 PM
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment