အချိန်တော်တော်ကြာ ရှိနေဖြစ်ခဲ့  တဲ့ 
သံယောဇဉ်ကို ဖြတ်တော်ပစ်ဖို့ ဆိုတာ
စိတ်ရော ကိုယ်ပါ အနေကြာကြာ ဝေးဖို့ လိုမယ်ထင်ပါတယ် ကို
ဒါတောင်
တိုက်ဆိုင်မူ့တွေရှိလာလို့ 
သတိရလာခဲ့ ဦးမယ်ဆိုရင်...
လွယ်လွယ်နဲ့  မျက်ရည် မကျတက်ဖို့ 
ကျမ သင်ယူရဦးမယ်လေ............
တဖြည်းဖြည်း ပိုချစ်လာတာနဲ့ 
တဖြည်းဖြည်း ကိုနဲ့ ခွဲရမှာ ကြောက်လာတယ်.....
တဖြည်းဖြည်း ကိုကိုယ် ဆုံးရှုံးမှာ စိုးလာတာနဲ့ 
တဖြည်းဖြည်း ကို ကိုယ် ချုပ်ခြယ်မိတက်လာတယ်............
ပိုင်ဆိုင်မူ့ရဲ့တခြားတဖက်မှာက
မမြင်ရတဲ့  အနာဂတ်အတွက်
ကျမ ကို ဘယ်အခြေအနေဖြစ်ဖြစ် မစွန့် လွှတ်ပါဘူးဆိုတဲ့  ကတိတစ်ခုတော့ ရချင်မိသားလားကို........

0 comments:
Post a Comment