Sunday, May 26, 2013

အနည်းဆုံးတော့


သိပ်ချစ်ကျတဲ့ ချစ်သူနှစ်ဦး......
စိတ်အခန့် မသင့်လို့  ရန်ဖြစ်ကျတဲ့ အချိန်တိုင်း...
ဘယ်သူကမှ နေနိုင်တယ်ဆိုတာ မရှိပါဘူး....
ဘယ်ဖက်ကမှ မခံစားရဘူးဆိုတာလည်းမရှိပါဘူး....
အနည်းဆုံးတော့ 
စကားမပြောဖြစ်ပဲ တိတ်တိတ်ကလေး ကိုယ်လုပ်စရာရှိတာလုပ်ဖြစ်သွားတယ်.......

သိပ်ချစ်ကျတဲ့ ချစ်သူနှစ်ဦး
မခေါ်မပြောပဲနေဖြစ်သွားတဲ့ အချိန်တိုင်း
ဘယ်သူကမှ မလွမ်းပဲနေနိုင်တယ်ဆိုတာ မရှိပါဘူး
ပျော်ရွှင်သွားတဲ့ သူဆိုတာလည်း မရှိပါဘူး
အနည်းဆုံးတော့ 
အဲ့နေ့ရက်တွေမှာ ဘယ်အရာကိုမှ စိတ်ဝင်တစားမရှိနိုင်တော့ တာပေါ့............

သိပ်ချစ်ကျတဲ့ ချစ်သူနှစ်ဦး
ရန်ဖြစ် စိတ်ဆိုးတာ သိပ်ကြီးကျယ်တဲ့  ကိစ္စတစ်ခုမဟုတ်ပါဘူး
မခေါ်မပြောပဲ နေဖြစ်တယ်ဆိုတာလည်း ပုံမှန်အခြေအနေတစ်ခုပါ.....
ဒါပေမဲ့ 
ရက်တွေကြာသွားရင်
အေးစက်သလို ခံစားရတယ်.....
ပြစ်ထားတာကြာသွားရင်
သူစိမ်းတွေလို့ ဖြစ်သွားတက်တယ်ဆိုတာ........။

ရန်ဖြစ်ပြီးပိုချစ်တာကို မလိုချင်ဘူးဟာ.....
ငါက ရန်မဖြစ်ပဲ ပိုပိုချစ်ချင်တာ............

0 comments:

Post a Comment