1:23 AM
ဘာဖြစ်ချင်တယ်လို့ တော့ ဘယ်ပြောပါမလဲချစ်သူရယ်
ဒါပေမဲ့ လေ ငါ မျှော်လင့်နေတယ်..............
ဘယ်အချိန်လဲလို့ တော့  ဘယ်မေးပါ့မလဲချစ်သူရယ်
ဒါပေမဲ့ လေ ငါစောင့်  နေမိတယ်...............
ချစ်တယ်လို့ ပြောတော့  ကြည်နုးမိတယ်ချစ်သူရယ်
ဒါပေမဲ့ လေ တစ်ယောက်တည်းမဟုတ်မှာလည်း စိုးမိနေတယ်............
သတိရနေတာလို့  ပြောတော့  ရင်ခုန်မိပြန်ရောချစ်သူရယ်
ဒါပေမဲ့ လေ တခြားတစ်ယောက်ဖြစ်နေမှာလည်း တွေးပူမိတယ်.............
စောင့် နေပါလို့ ပြောတော့  ခေါင်းခဏခဏညိမ့် မိတယ်ချစ်သူရယ်
ဒါပေမဲ့ လေ နင်ပြန်မလာတော့ မှာလည်း ကြောက်နေမိတယ်............
လက်ထပ်ရအောင်လို့ ပြောတော့  ငါ နေစရာမရှိတော့ ဘူးချစ်သူရယ်
ဒါပေမဲ့ လေ.......ငါ ယုံကြည်နေမိတယ်...
ဒါက တခြားသူတွေနဲ့ မတူတဲ့  ငါတို့ ဘ၀လေးတွေပေါ့
0 comments:
Post a Comment