Wednesday, May 22, 2013

နီးစပ်ဖို့ မဖြစ်နိုင်သေးတဲ့အချိန်

အနေဝေးဝေးနေရတဲ့  အချိန်မှာ
အရမ်းလွမ်းတာပဲ ဆိုတဲ့  စကားကို အချိန်တိုင်းပြောနေတာထက်စာရင်
အတူတူနေရအောင် ပြန်လာခဲ့ ဆိုတဲ့  စကားက
ပိုပြီး နားဝင်ချိုတယ်.......................................

နီးစပ်ဖို့ မဖြစ်နိုင်သေးတဲ့  အချိန်မှာ
အမြဲပြောနေကျဖြစ်တဲ့  ချစ်တယ်ဆိုတဲ့ စကားတွေထက်စာရင်
ဘယ်အခြေအနေဖြစ်ဖြစ် မခွဲဘူးနော်ဆိုတဲ့  စကားက ပိုပြီးကြည်နူးစေတယ်...............................

နေ့တိုင်းတွေ့ဖို့ အခက်အခဲလေးတွေ ရှိနေချိန်မှာ
အရမ်းသတိရနေမိတာပဲဆိုတဲ့  စကားလေးတွေ ပြောနေတာထက်စာရင်
အမြဲမတွေ့ရလည်း သစ္စာရှိနေရမယ်ဆိုတဲ့  တိုင်တည်စကားက ပိုရင်ခုန်ဖို့ ကောင်းတယ်................

ဆင်းရဲရဲ
ချမ်းသာသာ
ရုပ်ချောချော
မချောချော
ကိုယ်ကိုတိုင်လည်းမြတ်နိုးတယ်...
ကိုယ့်ကိုလည်း တကယ်ချစ်တယ်.......
ဘယ်အရာတွေကိုပဲလုပ်လုပ်
အမြဲတမ်း စိတ်တူကိုယ်တူဖြစ်တဲ့  ချစ်သူကိုပိုင်ဆိုင်ခွင့်ရတာက ကံကောင်းမူ့တစ်ပါ.............
Nan

0 comments:

Post a Comment